Park -(25)

3.6K 599 74
                                    


Unicode






"Yoongi Hyung..."

"ဘယ်အချိန်ထိ ဒီလိုမျိုး အိပ်နေဦးမှာလဲ..."

"ကျွန်တော်ဘယ်လောက်ပင်ပန်းနေလဲ သိရဲ့လား..."

ကုတင်ပေါ်မှာ Oxygen ပေးထားပြီး လက်မှာ ပိုက်တွေစီတန်းကာ အသက်ကို ရှူတယ်ဆိုရုံလေးမျှ မျှင်းမျှင်းလေး ရှူသွင်းနေတဲ့ကောင်လေးရဲ့လက်တွေကို သန့်စင်ပေးရင်း စကားပြောသံလေးတစ်ချို့ ပျံ့လွှင့်နေသည်...။

"Hyung သိလား...ဒီနေ့ Jungkook shi တို့ သတင်းစာရှင်းလင်းပွဲလုပ်မယ်တဲ့..."

"Tittle ကဘာလဲသိရဲ့လား..."

"အပြင်မှာ ပြန့်နေတဲ့ JEON အိမ်တော်ရဲ့ အမွေဆက်ခံသူလက်ထပ်ခဲ့တာ တခြားသူမဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတဲ့...haha...."

တစ်ချက်ရယ်သွမ်းသွေးကာ ပါးပြင်ပေါ်ဖြတ်သန်းစီးဆင်းလာတဲ့ မျက်ရည်တွေကို Jimin အသာသုတ်ပစ်လိုက်သည်...။ ဘယ်လိုတွေပဲချစ်ခဲ့ချစ်ခဲ့ နောက်ဆုံးတော့လဲ ကိုယ်ဟာဒုတိယလူပဲမဟုတ်လား...။ အတိတ်လို့သတ်မှတ်ပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ ဘာ့ကြောင့်ခက်ခဲနေရသလဲ...။ Park Jimin မပီသအောင်ဖြစ်နေတာ စိတ်တိုဖို့ကောင်းလိုက်တာ...။

လွမ်းရတဲ့နေ့တွေ ကုန်ဆုံးချင်တယ်...။ တကယ်ဝေးသွားကြပြီဆိုတဲ့ ညစဥ်ညတိုင်းနှိပ်စက်တဲ့ အိမ်မက်ဆိုးတွေကနေ ကျွန်တော်ရုန်းထွက်နိူင်ချင််တယ်...။အေးမြတဲ့ မေတ္တာတရားတွေနဲ့ပဲ ကျွန်တော်က ခင်ဗျားကိုချစ်ချင်သူပါ...။ ဘဝကတိုတိုလေးပဲ ကျွန်တော်ချစ်တဲ့ ခင်ဗျားနား ကြောင်လေးတစ်ကောင်လို တိုးဝေ့ပွတ်သတ်ချွဲနွဲ့ချင်တာကလွဲရင် ကျန်တာဘာကိုမှမမျှော်လင့်ခဲ့မိရိုးအမှန်ပါ...။

ဘယ်လောက်ပဲအမှန်တရားကိုချပြခဲ့ ချပြခဲ့..ခင်ဗျားအတွက်တော့ ကျွန်တော်က လိမ်လည်ခဲ့သူတစ်ယောက်ဆိုတာကလွဲရင် ပိုမလာခဲ့ပါဘူး...။

"Hyung... မြန်မြန်သတိရလာတော့နော်...ကျွန်တော်ပြောစရာတွေအများကြီးရှိတယ်..."

"Min Group လဲ ကျွန်တော့လက်ထဲရောက်လာတော့မှာပါ...မနက်ဖြန်လောက်ဆိုရင်အတိအလင်း ကျွန်တော့လက်လဲရောက်ပြီပဲဆိုပါတော့..."

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Donde viven las historias. Descúbrelo ahora