Part-(10)

3.5K 470 54
                                    

Unicode


At Seoul,

" Park Jimin....!!!.."

မှင်စက်ရာတွေဗလပွနဲ့ ကိုယ့်မျက်နှာကို မှန်ထဲမှာပြန်ကြည့်ကာ မကျေမနပ်ခပ်တိုးတိုးရေရွတ်မိတာ Jimin ဆိုတဲ့ကောင်လေးနာမည်ကို....။ List ထဲမှာ ဘာဒူကစားခဲ့တယ်လို့မှ ထည့်မရေးထားပဲ....။ ယူဂျင်းဆော့လဲမဆော့တတ်တာကြောင့် ရှုံးကာ မျက်နှာမှာမှင်စက်ရာတွေ...။ မှန်တင်ခုံပေါ်က Wet Tissue တခုကိုယူကာ ဆွဲသုတ်ပစ်ရသည်...။

"လက်ရည်တွေကျသွားပါတယ် ယူဂျင်း...."

"အဟင်း....ဟုတ်တယ်အဖေ... ကျွန်တော်မဆော့တာကြာသွားလို့ထင်တယ်..."

ကိုယ့်စကားကိုခေါင်းတညိမ့်ညိမ့်ဖြင့် ထောက်ခံသလိုပြုကာ ဟက်ဟက်ပက်ပက်ရီမောနေသော Jungkook shi အဖေကြောင့် ယူဂျင်းမယ် တအံ့တသြ...။ ဘယ်တုန်းကမှ Jungkook shi အဖေ ဒီလိုရီမောတာမျိုး ယူဂျင်းမတွေ့ဖူးခဲ့....။ တွေးစစနဲ့လမ်းလျှောက်ရင်း ယူဂျင်း ဧည့်ခန်းထဲကိုရောက်လာရသည်...။ စားပွဲခုံလေးပေါ်က အစီအရီထောင်ထားသော ဓာတ်ပုံတချို့ကိုလိုက်ကြည့်ရင်း....ယခင်က Jeon အိမ်တော်၏အိမ်ရှေ့မျက်နှာစာဖြစ်ဟန်တူသော နေရာတွင် ရိုက်ထားသော Group photo တစ်ခု....။ သေချာစူးစိုက်ကြည့်နေမိတာ....ယူဂျင်းမျက်လုံးတွေသည် လူတွေအများကြီး စုရိုက်ထားတဲ့ပုံထဲကမှ အမျိုးသမီးတစ်ဦးထံတွင်သာ...။

"ဘာတွေအဲ့လောက်ကြည့်နေတာလဲ....ယူဂျင်း..."

"အမလေး...."

Jungkook shi က ဘယ်တုန်းက ဒီလိုနားနားကပ်ပီး မထိတထိပြောတတ်သွားရတာလဲ...။

"ကိုယ် ငယ်ငယ်ကပုံတွေကို ကြည့်နေတာလား...."

"မဟုတ်ပါဘူးနော်...."

ဒိုင်းခနဲရောက်လာသောမျက်စောင်းကြောင့် JK ပြုံးလိုက်ရင်း....

"Aigoo....လိမ်နေပြန်ပီ...."

ပါးတဖက်ကို လက်ညှိုးလေးနဲ့ထောက်ရင်းပြောလာတော့ ယူဂျင်း အယောင်ယောင်အမှားမှား....။ ဘယ်တုန်းက ဒီလို နူးညံ့တတ်သွားတာလဲ....။

"ကိုယ် အကျီသွားလဲဦးမယ်....စောင့်နေဦးနော်..."

ယူဂျင်းခေါင်းသာငြိမ့်ပြလိုက်ရင် အကြည့်တို့သည် Group Photo ထဲကမှ အမျိုးသမီးတစ်ဦးထံတွင်သာ....။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Donde viven las historias. Descúbrelo ahora