Unicode
"ဟေ့ကောင် ခနလေး.. ရှောင်ကျန့်ကောကိုခေါ်လိုက်ဦးမယ်"
"ခေါ်မနေနဲ့"
ရိပေါ်ပင် စကားမဆုံးသေး။ လဒကောင် ဟောက်ရွှမ်းက ဟိုလူကြီးရဲ့အခန်းရှေ့ရောက်လို့ တံခါးတောင် ခေါက်ပြီးနေပြီ။
ညစာဆို အပြင်ထွက်စားလေ့ရှိတဲ့ ရိပေါ်တို့က အခုလည်း ကျေးဇူးရှင်ချင်းရီနှင့် ညစာစားကြရန် ချိန်းထားခြင်းဖြစ်သည်။ လွန်ခဲ့တဲ့တစ်ပတ်က ဒကာခံပါမည်ဆိုသည့် ချင်းရီမှာ ဟိုနေ့ရွှေ့၊ ဒီနေ့ရွှေ့နှင့် ယနေ့မှသာ လိုက်ကျွေးဖြစ်ခြင်းဖြစ်သည်။
"ရှောင်ကျန့်ကော"
"သြ..ညီ... sorry ရေချိုးပြီးတော့ ပင်ပမ်းတာနဲ့ တစ်ခါတည်းအိပ်ပျော်သွားတာ၊ မိတ်ဆက်ဖို့တောင် မေ့သွားတယ်၊ ကိုယ့်နာမည်က..."
"ရှောင်ကျန့်မလား၊ သိပါတယ်ဗျာ၊ အထူးတလည် မိတ်ဆက်ဖို့မှ မလိုတာ၊ ဒီအိမ်ပိုင်ရှင် အပျိုကြီး ပြောပြထားလို့ သိပြီးသားပါ"
"ဟုတ်ပါပြီ၊ သိပြီးပြီဆိုတော့လည်း ပြီးတာပါပဲ"
"အော် ဒါနဲ့ ကျွန်တော့်နာမည်က ဟောက်ရွှမ်း၊ ဟိုကောင့်နာမည်က.."
"ရိပေါ်.. ဝမ်ရိပေါ်မလား?"
"ရှောင်ကျန့်ကောက သိနေတာလား?"
"သိနေတယ်ရယ်လို့လည်း မဟုတ်ပါဘူး၊ မနေ့က မင်းတို့ တစ်ယောက်နာမည် တစ်ယောက်ခေါ်နေကြတာ ကြားလိုက်လို့"
"မင်းတို့မိတ်ဆက်တာက ဒီတစ်သက် ပြီးဦးမှာလား၊ ငါဒီမှာဗိုက်ဆာလို့သေတော့မယ်"
ရိပေါ်လှမ်းအော်မှ ဟောက်ရွှမ်းက အဓိက အကြောင်းအရင်းကို အမှတ်ရသည်။
"ဟုတ်သား၊ ပြောဖို့ကိစ္စတောင် မေ့သွားတယ်၊ ကျွန်တော်တို့ ညစာသွားစားကြမလို့၊ အဲ့တာ ရှောင်ကျန့်ကောရော လိုက်မလားလို့"
"ok လိုက်ခဲ့မယ်လေ"
"လိုက်မယ်ဆိုလည်း အမြန်လာ၊ ဖင်လေးမနေတော့နဲ့"
"ဟေ့ကောင်ရိပေါ်၊ စကားကိုဘယ်လိုကြီးပြောနေတာလဲ၊ ရိပေါ်က ကျွန်တော်တို့နဲ့ပြောနေကျဆိုတော့ နှုတ်ကျိုးနေတာရှောင်ကျန့်ကောရေ၊ သူ့ကိုစိတ်ထဲထားမနေနဲ့"
![](https://img.wattpad.com/cover/270231566-288-k295025.jpg)