Unicode
ဒီနေ့မိုးက ခပ်စွေစွေ၊ ရွာမယ့်ဟန်ဆဲဆဲမှာ မရွာချင်သေးတဲ့ မိုးကို ရိပေါ်က ကျိန်ဆဲချင်တော့သည်။
ရှောင်ကျန့်ဆီသွားဖို့ အကြောင်းပြချက်က ရှာမရ။ တစ်ပတ်လုံးစဉ်းစားနေခဲ့သည်။ ဒီလူ့အနား သူဘယ်လို ချဉ်းကပ်ရမလဲဆိုတာ သူခုထိ မသိသေး။
မိုးတွေအသည်းအသန်ရွာချတဲ့ တနင်္လာနေ့က မိုးရေကြီးထဲ ပတ်ပြေးပြီး တစ်ကိုယ်လုံးရွှဲနစ်လာမှ ရှောင်ကျန့်ဆီသွားမယ်လို့ တွေးလိုက်ပေမယ့် တစ်ကယ်တမ်း ကြွက်စုတ်ရေမွန်းရုံသာ အဖက်တင်ခဲ့သည်။ ရှောင်ကျန့်ဆီ သူမသွားဖြစ်ခဲ့။
နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ အဂါင်္နေ့တုန်းကလည်း မိုးရွာထဲ ရေချိုးပြီး နေပူချိန် နေလှုံခဲ့တယ်၊ ဖျားလာမလားဆိုတဲ့စိတ်နဲ့၊ ဒါပေမယ့် ခေါင်းကိုက်၊နှာစေးကလွဲပြီး ဘာမှမဖြစ်ခဲ့လို့ ရှောင်ကျန့်ဆီ မရောက်ပြန်ဘူး။ လူက ဒီလိုအချိန်မှ ကိုယ်ခံအား ကောင်းနေလိုက်ပုံများ။
နေတွေ ကျဲကျဲပူတဲ့ ဗုဒ္ဓဟူးနေ့မှာလည်း သူနေပူထဲ အကြာကြီးရပ်နေခဲ့သေးတာ၊ ဟောက်ရွှမ်းက ဆွဲခေါ်လို့ အလုပ်မဖြစ်ခဲ့ပြန်ဘူး။
ကြာသပတေးနေ့မှာရော ဘာထူးလဲ၊ ဟင်းအတူးတွေ သူချက်တယ်၊ ငံတူးနေအောင်လည်း ဆားတွေ လက်တစ်ကုတ်စာလောက် ထည့်ပစ်ခဲ့သေးတယ်၊ အဲ့ဒီလူများ အရင်လို 'ဝမ်ရိပေါ်လေးက ဟင်းလည်းမချက်တတ်ဘူး၊ ကိုယ်ချက်ပေးမယ်၊ ငြိမ်ငြိမ်လေးထိုင်နေ'လို့ ပြောလာမလားဆိုတဲ့ စိတ်နဲ့၊ ရလဒ်ကတော့ ဟောက်ရွှမ်းရဲ့အဆဲကို ခံလိုက်ရတော့တာပါပဲ။
ရုံးပိတ်ဖို့ တစ်ရက်အလို သောကြာနေ့မှာတော့ သူရှောင်ကျန့်ကုမ္ပဏီကို ရောက်ခဲ့ပါသည်။ ကျိရန်ကောကို မြင်တာနဲ့ အပင်နောက်ကွယ်သို့ အမြန် ဝင်ပုန်းလိုက်ရသည်။ သူသတ္တိမရှိပြန်ဘူး။
အကသင်ပေးတာလည်း အလွဲလွဲ၊ အချော်ချော်။ ရေနဲ့ဘီယာ လွဲသောက်ခဲ့တဲ့ညတွေ၊ ဆားနဲ့ သကြား လွဲထည့်ခဲ့မိတဲ့ ကော်ဖီတွေ၊ လှမ်းကြည့်မိတဲ့ အခန်းဆီ၊ ခနခန ထုတ်ကြည့်မိတဲ့ ဖုန်းနံပါတ်။ လူလည်း အရူးရင့်ရင့် ဖြစ်လို့နေပြီ။