~15~

3.8K 357 15
                                        

Unicode

ဒီနေ့ ရိရှန့်ရောက်တာ တစ်ပတ်ပြည့်သည့်နေ့ ဖြစ်သည်။ အလုပ်ဖြင့် ခရီးထွက်ရတော့မည်မို့ ရိပေါ်တို့ လေဆိပ်ထိ လိုက်ပို့ကြသည်။

တစ်ပတ်က အချိန်ခနလေးဆိုပေမယ့် သူတို့အကုန် ရိရှန့်ကို သံယောဇဉ်တွယ်နေကြသည်။ အဆိုးဆုံးကတော့ ချင်းရီပင်။

"ကျဲကျဲ မသွားလို့မရဘူးလားဟင်"

"မရဘူးလေဘေဘီရဲ့၊ အလုပ်ကိစ္စဆိုတော့ သွားမှဖြစ်မှာ၊ ကျဲလည်း မင်းတို့နဲ့ မခွဲချင်တာအမှန်ပါ၊ ပြန်လာခဲ့မယ်နော် စိတ်ချ"

ချင်းရီက မျက်ရည်ရစ်ဝဲနေရာမှ ခေါင်းလေး ငြိမ့်ပြရှာသည်။

"ဟိုလေးယောက်လည်း တည့်အောင်နေကြဦး၊ ကျိရန်နဲ့ဟောက်ရွှမ်းလည်း ရန်ပဲဖြစ်မနေနဲ့၊ ရိပေါ်နဲ့ရှောင်ကျန့်လည်း အတူတူပဲ၊ မတည့်အတူနေတွေလုပ်မနေကြနဲ့၊ ကလေးတွေလည်း မဟုတ်ကြတော့ဘူး၊ ကြားလား"

လေးယောက်သား နာခံတတ်သူပမာ ခေါင်းတစ်ငြိမ့်ငြိမ်ဖြင့်။ မည်သူကမှ စကားမဆိုခဲ့ကြ။

"ဘေဘီ ဖုန်းအဆက်အသွယ်လုပ်မယ်နော်၊ ကျဲကို ရိပေါ်နဲ့ရှောင်ကျန့်ကြားက တိုးတက်မှုတွေ အစီရင်ခံဖို့ မမေ့နဲ့၊ ပြီးတော့ ကူညီပေးလိုက်ဦး"

ချင်းရီနားသို့ကပ်ကာ တိုးတိုးလေးပြောသွားသောကြောင့် ချင်းရီမှလွဲ၍ ထိုစကားအား မည်သူမှ မကြားပေ။

ထွက်ခွာသွားသော လေယာဉ်ကို ကြည့်ရင်း ရိပေါ်ကတော့ သက်ပြင်းဖွဖွချသည်။ သူနှင့်ကျဲ တွေ့ရသည့်အချိန်က သိပ်ကို နည်းပါးလှသည်။ အခုပဲကြည့် တစ်ပတ်ဆိုသည့်အချိန်က အလွမ်းမပြေစေဘူး။ ဒီတစ်ခေါက်ခရီးစဉ် ပြီးလျှင်တော့ အနားယူတော့မည်ဟု ကျဲက ပြောထားသည်။ မသေချာပေမယ့်လည်း ထိုစကားအား သူယုံကြည်ချင်ပါသေးသည်။

"ကျဲမရှိတော့ အိမ်ကြီးက တစ်ခုခု လိုနေသလိုပဲ"

ရိပေါ်တို့အိမ်သို့ အလည်လာတိုင်း ချင်းရီညည်းနေကျ စကား။ ဟောက်ရွှမ်းတို့လည်း အမြဲတမ်းမဟုတ်ပေမယ့် သတိရပါသည်။ သို့သော် ချင်းရီကတော့ မိန်းကလေးမို့ ထိလွယ်ရှလွယ်လွန်းသည်။

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now