~6~

3.6K 380 19
                                    

Unicode

"မား... သူကလေ မိန်းကလေးမဟုတ်ဘူး၊ ယောက်ျားလေး"

ရှောင်ကျန့်ရဲ့စကားက တစ်မိသားစုလုံးကို ဆယ်မိနစ်တာ မှင်သက်စေခဲ့သည်။

ရှောင်မေမှာ သားလေးပါးစပ်နားရောက်နေသော သူမရဲ့လက်ဟာ လေထဲတွင် တန်းလန်းဖြစ်လို့နေသည်။ သားဖြစ်သူလင်းလျိုရှင်းလေးခမျာ မိခင်၏လက်ကိုကြည့်ကာ ပါးစပ်လေးတပြင်ပြင်နှင့်။

လင်းလျိုဟိုင်ကတော့ ဘာမှမကြားလိုက်သလို ငြိမ်သက်၍နေသည်။

မားနှင့်ပါးက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဘာစကားမှဆိုမလာ။

"မန်မန်"

လျိုရှင်းလေးက သူ၏အမေဆီမှ ထမင်းကိုတောင်းခံလာတော့မှ ရှောင်မေတစ်ယောက် အသိစိတ်ပြန်ဝင်သည်။

"ရှင်းရှင်းလေးက ဗိုက်ဆာနေတာပဲ၊ ဟ ဟ ကောင်းကောင်းစားနေတာပဲ၊ လိမ္မာလိုက်တဲ့ရှင်းရှင်းလေး"

ထမင်းပါးစပ်ထဲရောက်တော့မှ လျိုရှင်းလေးက ပြုံးလာသည်။

"ထမင်းအရင်စားကြရအောင်၊ ပြီးမှ ဆက်ပြောကြတာပေါ့"

ရှောင်ပါးက အရင်ဆုံး စကားဆိုလာသည်။

"လွမ်းနေတာ မားလက်ရာကို"

"စားကောင်းရင် အများကြီးစားနော်သား၊ ပိန်သွားလိုက်တာ"

ဧည့်ခန်းဆိုဖာတွင် လူငါးယောက်ရှိနေသည်။ လျိုရှင်းလေးကတော့ အစောကြီးပင် အိပ်သွားပြီ။

"မာမား..."

"နေဦးသား၊ မာမားအရင်ပြောမယ်"

"ဟုတ်"

ပါးကတော့ မားဖြစ်သူကိုသာ အကဲခတ်နေသည်။ ဒီစကားဝိုင်းမှာ အဓိကကျသူက မာမားပင်။ ရှောင်မေနှင့် လျိုဟိုင်ကတော့ အဆင်မပြေလျှင် ပွဲဝင်ထိန်းပေးရုံသာ။

"ပထမဆုံး မားမေးချင်တာက သားသူ့ကို တစ်ကယ်ချစ်လား?"

ရှောင်ကျန့်ငြိမ်သွားသည်။ သူဘယ်လိုဖြေသင့်ပါသလဲ။ ခေါင်းငြိမ့်သင့်သလော။ ဒါမှမဟုတ် သားညာမိပါတယ် ဒီလိုမျိုးလား။

"ဟုတ်"

နှုတ်က ရုတ်တရက်ထွက်သွားတော့ မားက ခေါင်းငြိမ့်ပြသည်။ ပါးကတော့ မားရဲ့ပုခုံးကို ခပ်ဖွဖွပုတ်လို့ နှစ်သိမ့်နေဟန်ရသည်။

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now