Unicode
ခေါ်လာသည့်နေရာက ရှောင်ကျန့်၏အိမ်ပင် ဖြစ်နေသည်။ အိမ်ရဲ့ဧည့်ခန်းထဲတွင်လည်း လူစုံနေလေပြီ။
"လာပြီလားသား၊ လာထိုင်လေ၊ မားတို့ကို လူစုခိုင်းတာက ဘာပြောစရာရှိလို့လဲသားကျန့်"
ရှောင်မားက ရိပေါ်ကိုတွေ့တွေ့ချင်း နေရာမှ ထလာကာ ဆွဲခေါ်ပြီး ဆိုဖာတွင်ထိုင်စေသည်။
"မား၊ ပါး၊ ကျဲ၊ ကျွန်တော်ပြောမယ့်စကားက အရေးကြီးတယ်၊ လိမ်ခဲ့မိလို့ သားကိုဆူမယ်ဆိုလည်း ခံပါ့မယ်၊ ဝမ်ရိပေါ်ကိုတော့ ဘာမှမပြောပါနဲ့၊ သူက သားသဘောအတိုင်း ကူညီပေးရုံပဲ"
"ဟင်!"
ရှောင်ကျန့်စကားကို ကြားကြားချင်း ရိပေါ်အာမေဋိတ်သံ ထွက်မိသည်။ တစ်ရက်နဲ့တစ်ပိုင်း ပျောက်နေပြီး ပြန်ပေါ်လာတော့လည်း ဒီလိုအခြေအနေတဲ့လား။ တစ်နေ့တော့ အမှန်ကို ဖွင့်ပြောရမည်မှန်းသိပေမယ့် အခုက စောလွန်းနေသည်မဟုတ်လား။
"ဘာကိစ္စမလို့လဲသားရယ်၊ မာမားဖြင့် ရင်တွေပူလိုက်တာ၊ မဆူပါဘူး မြန်မြန်သာပြောစမ်းပါ"
မားက ရင်ဘက်လေးကို လက်ဖြင့်ဖိကာ ပြောရှာသည်။ ကျန်တဲ့သူတွေကလည်း ရှောင်ကျန့်ကိုသာ အကဲခတ်နေကြသည်။
"အမှန်တော့ သားနဲ့ ဝမ်ရိပေါ်က ရည်းစားတွေမဟုတ်ပါဘူးမား၊ သားမိန်းမ မယူချင်သေးလို့ ဝမ်ရိပေါ်ကိုအကူညီတောင်းပြီး ခဏလိမ်ထားမိတာ၊ သားအမှားပါ"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့သွားရသည်။ အကုန်လုံး ပါးစပ်အဟောင်းသားဖြင့် ဘာပြောလို့ ပြောရမှန်းပင်မသိကြ။ ဝမ်ရိပေါ်ကတော့ ရှောင်ကျန့်ကိုသာ အဓိပ္ပါယ်ဖော်မရသော မျက်လုံးများဖြင့် မော့ကြည့်နေသည်။
ရှောင်ကျန့်က ရိပေါ်ကို တစ်ချက်လေးပင် မကြည့်လာပေ။ တမင်ရိပေါ်နဲ့ အကြည့်ချင်းမဆုံအောင် ကြိုးစားနေမှန်းသိသာသည်။
ပြောင်းလဲသွားတယ်၊ ဒီလူအများကြီး ပြောင်းလဲသွားပါတယ်၊
သူ့ကို သူစိမ်းဆန်ဆန် ပြုမူနေတာက ဘာအတွက်လဲ?
အခုလို ချက်ချင်းကြီး ဖွင့်ပြောရတာကရော ဘာကြောင့်များလဲ?
မဟုတ်မှ ကောင်မလေးများ ရနေတာလား?
အဲ့တာကြောင့် အခု....
![ဘု နဲ့ ဘောက် [Completed]](https://img.wattpad.com/cover/270231566-64-k295025.jpg)