Unicode
"ဟေးးးးးးးး"
သူ့ကိုမြင်မြင်ချင်း ကုန်းအော်သော ရိပေါ်ကြောင့် ရှောင်ကျန့်ဘာလုပ်ရမှန်းမသိ။ အသိဝင်လာတော့ သူ့လက်ဖြင့် ရိပေါ်ရဲ့ပါးစပ်ကို ပိတ်နှင့်ပြီးပြီ။
"ဘာလို့အော်နေတာလဲ??"
"ခင်ဗျား$&%##%&#&&"
ပါးစပ်ပိတ်ခံထားရသောကြောင့် ရိပေါ်ရဲ့စကားသံမှာ ဝါးတားတားဖြင့်။ တစ်လုံးမှ သဲသဲကွဲကွဲမကြားရ။
ရှောင်ကျန့်က ပါးစပ်ပိတ်ထားသည့်လက်ကို လွှတ်ပေးလိုက်မှ ဆဲသံများပလုံစီအောင် ထွက်လာတော့သည်။
"ခင်ဗျား နှာပူးပဲ၊ ကျွန်တော်ရှူးပေါက်နေတာကို လာချောင်းကြည့်နေတယ်၊ အရှက်မရှိလိုက်တာ၊ ချီးလိုဘဲကြီး၊ ရိုးသားချင်ယောင်ဆောင်နေတဲ့ တနှာရူးကြီး"
အဆက်မပြတ် တတွတ်တွတ်ရေရွတ်နေသော ရှေ့ကကောင်လေးရဲ့စကားကို အဆုံးထိနားထောင်ပေးလိုက်သည်။
"မင်းပြောလို့ပြီးပြီလား?"
ရှောင်ကျန့်မေးတော့ ရိပေါ်က ဘောင်းဘီဇစ်ကို ဆွဲတင်ရင်း မျက်စောင်းခဲသည်။ ဘယ်လိုဟာလေးမှန်းကို မသိတာ။
"ပြီးပြီဆိုရင် ကိုယ်ပြောမယ်၊ ကိုယ်ဒီကိုလာတာ မင်းကို ချောင်းကြည့်ဖို့လည်းမဟုတ်ဘူး၊ နှာပူးလို့လဲမဟုတ်ဘူး၊ မင်းဟာနဲ့ငါ့ဟာ ဘာကွာလို့လဲ၊ ကြီးတာနဲ့သေးတာပဲကွာမှာ"
ပြောရင်း ရှောင်ကျန့်က လက်မနဲ့ လက်ညှိုးကို အနည်းငယ်ဟကာ တိုင်းပြတော့ ဝမ်ရိပေါ်က ဝမ်ရိပေါ်ပီသစွာ စွာတေးလန်ပါသည်။
"ခင်ဗျား မြင်သွားတယ်၊ ဘာလဲ အဲ့လက်က၊ ကျွန်တော့်ဟာ အဲ့လောက်မသေးဘူး၊ ခင်...ခင်ဗျား"
လက်ညှိုးတစ်ထိုးထိုးဖြင့် ရှူးရှူးရှားရှားဖြစ်နေသော ရိပေါ်ရဲ့ပုံစံဟာ မီးခဲကိုင်ထားသော မျောက်လေးပမာ။ မျက်နှာဟာလည်း ခရမ်းချဉ်သီးပုတ်ရောင်သမ်းလျှက်။
"ဟုတ်ပါပြီ၊ ကိုယ်ကဥပမာပြတာပါ၊ မင်းဟာက အဲ့လောက်တော့ မသေးပါဘူး၊ အဲ့ထက်နည်းနည်းတော့ ကြီးမှာပေါ့"
![ဘု နဲ့ ဘောက် [Completed]](https://img.wattpad.com/cover/270231566-64-k295025.jpg)