~20~

3.4K 354 25
                                    

Unicode

ထိုနေ့က ရှောင်ကျန့်အိမ်ပြန်လာခဲ့ပါသည်။ အလုပ်ရှုပ်နေသည့်ကြားက ဖြေရှင်းလို့ မပြေလည်သေးတဲ့ စာရင်းဇယားတွေကို အသာထားခဲ့ပြီး ဝမ်ရိပေါ်ကို တွေ့ချင်သည့်စိတ်ကြောင့် သူအိမ်ပြန်လာခဲ့သည်။ ဖိနပ်ချွတ်ခါနီး အိမ်ထဲက စကားသံတွေကြောင့် ဖိနပ်နားရောက်နေပြီဖြစ်တဲ့ သူ့လက်ကို ရုတ်သိမ်းလိုက်ရသည်။

"မင်း ကျန့်ကောအပေါ် ဘာစိတ်မှမရှိဘူးလား"

ဟောက်ရွှမ်းရဲ့ အမေးစကားကို ပြန်ဖြေမည့် ဝမ်ရိပေါ်ရဲ့အဖြေကို သူလညသိချင်တာကြောင့် အသက်ပင်အောင့်ထမိသည်။ ဝမ်ရိပေါ်က ပြန်ပြောသည်။

"လာပြန်ပြီတစ်ယောက်၊ ချင်းရီပြီးတော့ မင်းလား"

"ဖြေစမ်းပါကွာ"

"ငါက ဘာစိတ်ရှိရမှာလဲ၊ သူနဲ့က ဒီတိုင်း သူ့ရည်းစားအဖြစ်ဟန်ဆောင်ပေးရုံပဲ၊ သူ့အိမ်ကို ငါတို့အကြောင်းအမြန်ဖွင့်ပြောလေ ငါက ပျော်လေပေါ့၊ မွန်းကြပ်တယ်ကွာ၊ ညာရတာက ငါနဲ့အဆင်မပြေဘူး"

သွားပြီ၊ ဝမ်ရိပေါ်ရဲ့အဖြေကြောင့် ရှောင်ကျန့်သူ့ကိုယ်သူပင် မနိုင်ချင်တော့။ ပြိုကျလုလု ခန္ဓာကိုယ်ကို နံရံမှာမှီရင်း ထိန်းထားရသည်။

"အခုပြောနေတာက မင်းစိတ်ရင်းအမှန်လား"

"မဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ"

"ဘာမှတော့မဖြစ်ပါဘူး၊ ငါတို့က ဘေးလူဆိုတော့ ဝင်ပါခွင့်လည်း မရှိဘူး၊ ဒီတစ်ခုတော့ ငါပြောချင်တယ်၊ ကျန့်ကောက မင်းအပေါ် တစ်ကယ်ကောင်းတာ ဘေးလူဖြစ်တဲ့ ငါတို့တောင် သိတယ်၊ ကျန့်ကောက မင်းကို ချစ်နေလိမ့်မယ်ဆိုတာ ငါအတပ်ပြောနိုင်တယ်၊ ဒါပဲဟေ့ကောင်ရေ ငါအိပ်တော့မယ်"

ဟောက်ရွှမ်း ပြောနေသည့်စကားများလည်း ရှောင်ကျန့်နားထဲ ဝင်တစ်ချက်၊ မဝင်တစ်ချက်။

"သူချစ်တာလေ ငါကမှမချစ်တာ"

နောက်ဆုံး ပြန်ပြောလိုက်သည့် ဝမ်ရိပေါ်ရဲ့အသံက ရှောင်ကျန့်နားထဲ ပဲ့တင်ထပ်လို့ရယ်။ သူအမြန်ပဲ အပြင်ပြန်ထွက်လာရသည်။ ကားထဲ ဘယ်လိုရောက်သွားသည်မသိ။ ကားကို တရကြမ်း မောင်းထွက်လာခဲ့မိသည်။

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now