Unicode
ခုတလော ရိပေါ် သူ့ကိုယ်သူ ပြန်သုံးသပ်ဖို့ လိုပြီဟု ထင်သည်။ အရမ်းnormal မဟုတ်တဲ့ အတွေးတွေကို သူပြန်ရှင်းလင်းသင့်သည်။
ဥပမာအားဖြင့် ရှောင်ကျန့်နှင့်သက်ဆိုင်သော အတွေးပေါင်း မြောက်များစွာတွေ။ သူ့ဘဝထဲ ထိုလူ ရောက်လာပြီးတည်းက ပုံမှန်မဟုတ်တော့သလို ခံစားခဲ့ရတာတွေ။
တစ်နည်းပြောရရင် အပေါ်ပိုင်းဘလာနဲ့ အိမ်ထဲပေါ်ပေါ်ထင်ထင်မနေရဲတော့တာမျိုး..။
ရှောင်ကျန့်ကိုလည်း အဲ့လိုမမြင်ချင်ပြန်ဘူး..။
ဟောက်ရွှမ်းနဲ့ဆို သူဘယ်လိုနေနေ လွတ်လပ်ပေမယ့် ဒီလူနဲ့မှ သူက ဘာတွေကို စိုးရိမ်လို့ ဘာတွေကို ရှက်နေရသည်မသိ။
သူလည်းယောက်ျား၊ ရှောင်ကျန့်လည်း ယောက်ျားတစ်ယောက် ဖြစ်ပါလျက်နှင့် သူဘာကြောင့်များ အခုလို ထူးဆန်းနေရသနည်း။
အခုပဲကြည့် တစ်ကုတင်တည်း အတူအိပ်နေရတဲ့ ခံစားချက်ကြီးကကို တစ်မျိုးဖြစ်နေပြန်တာ..။
အခြေအနေကို ပြန်သုံသပ်ရရင် ရှောင်ကျန့်နှင့်သူ မရင်းနှီးသေးတာကြောင့်ဖြစ်မှာပါ..
ဟောက်ရွှမ်းနဲ့က ခင်လာတာ နှစ်ချီနေပြီမို့ ဘာမှမဖြစ်တာဖြစ်မှာ..
သူဒီလိုတွေးမိပေမယ့် တစ်ဖက်ကလည်း ငြင်းဆန်နေပြန်သည်။
"ဝမ်ရိပေါ် အိပ်မပျော်ဘူးလား"
တစ်ယောက်တည်း စဉ်းစားလိုက်၊ ခေါင်းကုတ်လိုက်နှင့် အလုပ်ရှုပ်နေသည့်ရိပေါ်ကို ထိုလူ စိတ်ရှုပ်နေသည်ထင့်။
"အိပ်ယာစိမ်းလို့ထင်တယ်၊ အိပ်မပျော်ဘူး"
"ဒါဆို ကိုယ်တို့ စကားပြောကြမလား"
ဟင့်အင်းဟု ရိပေါ်ငြင်းပြစ်လိုက်ချင်ပေမယ့် ခေါင်းကိုသာ ငြိမ့်လိုက်မိသည်။ ဒီနေ့မှ သဘောကောင်းချင်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်ကျန့်ကလည်း အခွင့်အရေးလေး ပိုပိုသာသာ ယူချင်မိသည်။
"ကိုယ်အရမ်းသိချင်နေတာရှိတယ်၊ ဝမ်ရိပေါ်က ဖြေပေးမယ်မလား"
"သိရင်ပေါ့.."
"သေချာပေါက်သိမှာပါ၊ ဝမ်ရိပေါ် ကိုယ့်ကို အဲ့လောက်အမြင်ကပ်တာလား?"
![ဘု နဲ့ ဘောက် [Completed]](https://img.wattpad.com/cover/270231566-64-k295025.jpg)