~16~

3.2K 353 16
                                    

Unicode

"မနက်ဖြန်မှလုပ်လို့မရဘူးလားဗျာ"

"ကိုယ်က မနက်ဖြန်အပြီးဖြစ်စေချင်တာလေ"

"..........."

ကုမ္ပဏီထဲတွင် လူငယ်နှစ်ယောက် စကားများနေကြသည်။

ဟောက်ရွှမ်းရဲ့မျက်နှာမှာ အလိုမကျမှုကြောင့် စူပုတ်လျက်ရှိသည်။ ကျိရန်ကတော့ မျက်နှာကို ပြုံးဖြီးနေလေသည်။

"ကဲပါကွာ ဒီနေ့တစ်ရက်လေး အိမ်မပြန်ရတာ  ဘာမှမဖြစ်ပါဘူး"

"နောက်တစ်ခါ ခင်ဗျားတို့ကုမ္ပဏီနဲ့ စာချုပ်မချုပ်ပါစေနဲ့လို့ ဆုတောင်းတယ် သိလား"

"ဆုတောင်းမပြည့်ပါစေနဲ့ဗျာ"

"စုန့်ကျိရန်!"

"ခင်ည"

"အလကားလူ"

စကားပြောရင်းတန်းလန်း ရိပေါ်မှာထားတာကို သတိရမိ၍ ဖုန်းဆက်ရပြန်သေးသည်။

"ဖုန်းဆက်ပြီးပြီဆို စကြတော့မလား"

"ခင်ဗျားက ဟိုဘက်ထိပ်က ထိုင်ခုံမှာထိုင်"

"ဟောက်ရွှမ်းကရော.."

"ကျွန်တော်က ဒီမှာပဲထိုင်မယ်"

အစည်းအဝေးခန်းထဲရှိ စားပွဲရှည်ကြီးရဲ့ ထိပ်နှစ်ဖက်တွင် တစ်ယောက်စီထိုင်ဖို့ ဟောက်ရွှမ်းက ပြောနေခြင်းဖြစ်သည်။

"ဟုတ်ပြီလေ"

ပြောပြီး ကျိရန်က ဟောက်ရွှမ်းညွှန်းပြသည့် စားပွဲထိပ်မှ ထိုင်ခုံကို ယူလာကာ ဟောက်ရွှမ်းဘေးသို့ ချ၍ ထိုင်လိုက်သည်။

"ခင်ဗျားဘာလုပ်တာလဲ?
ဟိုထိပ်မှာ.."

"မင်းပဲ ဟိုဘက်ထိပ်က ထိုင်ခုံမှာထိုင်ဆို၊ အဲ့တာကြောင့် ဟိုဘက်ထိပ်က ထိုင်ခုံကို ယူလာပြီး ထိုင်တယ်လေ၊ မှားလို့လား"

"ကျွန်တော်မှားတာ၊ ကျွန်တော်ပဲမှားတာပါ၊ ဦးတော်.."

လက်အုပ်ချီကာ ရွဲ့စောင်းလာသော ဟောက်ရွှမ်းကိုကြည့်ပြီး ကျိရန်မှာ အသည်းတယားယားဖြင့်။

နှစ်ယောက်သား ငြင်းခုံလိုက်၊ ရန်ဖြစ်လိုက်နှင့် အချိန်သည် ညသန်းခေါင်ယံသို့ ရောက်လာခဲ့လေသည်။

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now