~9~

3.6K 389 19
                                    

Unicode

"သားဝမ်လေးက ဒီလောက်ချစ်ဖို့ကောင်းနေမှတော့ သားကျန့်လေးသည်းသည်းလှုပ်တာမဆန်းတော့ပါဘူး"

"ဗျာ"

"သားဝမ်လေးအကြောင်းကို ပထမဆုံးပြောပြတဲ့နေ့က သားကျန့်လေးမျက်နှာကလေ ပြုံးနေလိုက်တာများ၊ သားလေးဘယ်လောက်ချောပြီး ချစ်ဖို့ကောင်းကြောင်းပြောလိုက်တာများ မာမားဖြင့် အံတောင်သြတယ်၊ သားကျန့်က တစ်စုံတစ်ယောက်အကြောင်း အရေးတယူပြောပြတာ ပထမဆုံးမလို့လေ "

ရိပေါ် သူ့ဘေးမှာထိုင်နေတဲ့ ရှောင်ကျန့်ကို ကြည့်မိတော့ မျက်လုံးတစ်ဖက်မှိတ်ကာ ပြုံးပြလာပြန်သည်။

အိမ်ကလူတွေ ဒီလောက်ယုံကြည်နေပုံထောက်ရင် ရှောင်ကျန့်ဆိုတဲ့လူကြီးရဲ့ မုသားစကေးက ချီးကျူးစရာပဲ။

"မေကြီးရယ် အပြောလေးလျှော့ပြီး စားကြရအောင်လေကွာ"

ရှောင်ပါးပြောမှ မားဖြစ်သူက စားဖို့အမှတ်ရသည်။

"ဟုတ်သားပဲ၊ သားဝမ်လေး ဗိုက်ဆာနေရောပေါ့၊ စားနော် အားမနာနဲ့၊ နောက်လည်း ဆွေမျိုးတော်ရမယ့်လူတွေပဲကို"

"ဗျာ!!"

"ဘာတွေအံသြနေတာလဲကလေးရဲ့၊ ကိုယ်နဲ့ဝမ်ရိပေါ်လေး လက်ထပ်မယ့်ကိစ္စက လိုသေးတယ်ဆိုပေမယ့် မာမားတို့ကိုတော့ အသိပေးရမယ်လို့ ကိုယ်ညက ပြောတယ်လေ"

မျက်လုံးလေးပြူး၊ ပါးစပ်လေးဟောင်းလောင်းနဲ့ ရိပေါ် ဘာမှပင် ပြန်မပြောနိုင်။ သူတို့ဇာတ်တိုက်ထားသည့်အထဲ လက်ထပ်မည့်ကိစ္စ မပါပေ။

ရှောင်ကျန့်ကတော့ အေးဆေးစွာပင် လက်တစ်ဖက်က ရိပေါ်ထိုင်ခုံရဲ့ အမှီပေါ်လှမ်းတင်ပြီး ကျန်လက်တစ်ဖက်က ရိပေါ်ရဲ့မေးစေ့ကို ခပ်ဖွဖွ ကိုင်လို့​နှုတ်ခမ်းလှုပ်ရုံလေးပြုံးကာ ပြောလာသည်။ မသိရင် တစ်ကယ်ယူတော့မယ့် သူတွေလိုမျိုး။

ရိပေါ်မှာ ရှောင်ကျန့်လက်မှ မသိမသာရုန်းရင်း ရှောင်ကျန့်၏မိဘများကို ပြုံးပြကာတုံ့ပြန်လိုက်သည်။

ဘယ်သူမှ ရိပေါ်ရဲ့မူပျက်သွားပုံကို မရိပ်မိလို့သာ တော်တော့သည်။

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now