Unicode
"နောက်တစ်ခါ ခင်ဗျားဘယ်ခေါ်ခေါ် မလိုက်ဘူး"
ရှောင်ကျန့်အိမ်ကအပြန် ကားပေါ်တွင် ဝမ်ရိပေါ်တစ်ယောက် ဂျစ်တိုက်နေခြင်းဖြစ်သည်။ အိမ်မှ မကျေနပ်သည်များကို ကားပေါ်တွင် ရှောင်ကျန့်အား တတွတ်တွတ်ပြောဆိုနေတော့သည်။
"မရဘူးလေ ဝမ်ရိပေါ်ရယ်၊ ကိုယ်တို့ သဘောတူထားကြတယ်မလား"
"ပြန်ဖျက်မယ်"
"ယောက်ျားဆိုတာ ကတိတည်ရတယ် ဝမ်ရိပေါ်ရဲ့"
"ကျစ် စိတ်ပျက်လိုက်တာ၊ ဒါဆို ကျွန်တော်မေးတာကို အမှန်တိုင်းဖြေ"
"မေးစေဗျာ"
"ကျွန်တော့်အကြိုက်တွေကို ဘယ်လိုသိတာလဲ"
"အင်း...ဒီတိုင်း မှန်းပြီးပြောလိုက်တာလေ၊ တစ်ကယ်မှန်နေတာလား၊ ငါးဟင်းကတော့ မှားမယ်ထင်တယ်"
"ရှောင်ကျန့်!!"
"ခင်ဗျ"
"ခင်ဗျား ကျွန်တော်ငါးဟင်းမကြိုက်တာကိုလည်း သိနေခဲ့တယ်မလား၊ သိလို့ အဲ့လို တမင်လုပ်တာမလား"
"ကိုယ့်ကို လူဆိုးဇာတ် သွင်းနေတာလား ဝမ်ရိပေါ်ရာ၊ သိရင် ကိုယ်ကျွေးမလား"
"သိလို့ကျွေးတာပေါ့၊ ခင်ဗျားအကြောင်းကို မသိရင်ခက်မယ်"
"ဆိုစမ်းပါဦး၊ ကိုယ့်အကြောင်းကို ဘယ်လောက်ထိသိလည်း"
"ရှောင်ကျန့်!!! အားးး စိတ်တိုလိုက်တာ"
"ကိုကိုလို့ခေါ်"
"အော့..... အိမ်ရောက်ရင် ဒီပါးစပ်ကို ပြန်ဆေးပစ်ရမယ်"
"ပါးလေးကိုတော့ ဒီတိုင်းထား,ထားမယ်မလား"
ရှောင်ကျန့်စကားကြောင့် ဝမ်ရိပေါ်ရဲ့မျက်နှာဟာ ရဲခနဲဖြစ်သွားသည်။ ရုတ်တရက်မို့ ဘာပြန်ပြောရမှန်းမသိပဲ ရှေ့ကိုသာ ငေးကြည့်နေသည်။ ၂မိနစ်လောက်နေမှ အသိပြန်ကပ်ပုံရသည်။ သူက ဆိုလာသည်။
"ဒီပါးကိုလေ မျက်နှာသစ်ဆေးနဲ့ အခါတစ်ရာလောက်ဆေးပစ်မယ်၊ ခင်ဗျားကို ဘယ်သူက ကျွန်တော့်ပါးကိုနမ်းခွင့်ပြုလို့လဲ"
![ဘု နဲ့ ဘောက် [Completed]](https://img.wattpad.com/cover/270231566-64-k295025.jpg)