~13~

3.7K 367 9
                                        

Unicode

ရိပေါ် ခွင့်သုံးရက်ယူကာ ဝမ်ရိရှန်းနှင့်အတူ ရှိနေပေးဖို့ ဆုံးဖြတ်ထားသည်။ ဟောက်ရွှမ်းကတော့ ခွင့်ရက် မရသည်မို့ ပုံမှန်အလုပ်ဆင်းရသည်။ ကျိရန်သည်လည်း ရှောင်ကျန့်ကောင်းမှု အကြောင်းပြုလို့ အလုပ်ဝန်ပိနေသည်မို့ အလုပ်သို့ သွားမှဖြစ်မည်။ ချင်းရီကတော့ သင်တန်းတက်လိုက်၊ လျှောက်သွားလိုက်နှင့်မို့အားသည်။ ရှောင်ကျန့်... အင်း သူက အအားဆုံးပင်။

လူနှစ်ယောက်လျော့သွားသော အိမ်လေးထဲ ဆူညံမှု တစ်ထစ်လျော့သည်။

"ပျင်းစရာကြီး shoppingထွက်ကြမလား?"

ရိရှန်းရဲ့အမေးကို ချင်းရီတစ်ယောက်ကသာ တက်တက်ကြွကြွခေါင်းငြိမ့်သည်။

"ကျဲ အဲ့တာက ပိုပျင်းဖို့ကောင်းတယ်မထင်ဘူးလား"

"လိုက်မှာလား မလိုက်ဘူးလား"

"ဟူး... ကျဲက သွားရင်တော့ လိုက်ရမှာပေါ့"

"ဟိုဘက်က ရှောင်ကျန့်ကရော.."

ခေါင်းငြိမ့်ပြလိုက်သည့်ရှောင်ကျန့်ကြောင့် ချင်းရီတစ်ယောက် မျက်နှာတစ်ခုလုံး မှိုရသလို ပြုံးဖြီးလျက်။

နေ့တိုင်း သူတစ်ယောက်တည်း ဈေးဝယ်ထွက်ရသည်မှာ သိပ်ကို ပျင်းစရာကောင်းသည်။ အခုလို အဖွဲ့လိုက်ကြီးဆိုတော့ သူဘယ်မှာ မပျော်ပဲနေမည်နည်း။

"အင်္ကျီဆိုင်ဝင်မယ်"

"မျက်မှန်ဆိုင်ကျဲ"

"အိတ်လေးတွေလှလိုက်တာ"

"ဒီဖိနပ်က အသစ်ရောက်တာမလား"

"ဒါလေးလည်းလှတယ်"

စသည့် ချင်းရီ၏ စကားပေါင်းများစွာနှင့် ဝင်လိုက်သည့် ဆိုင်ပေါင်းများစွာ။ ဝယ်လိုက်သည့် ပစ္စည်းပေါင်း များစွာ။ (မ)ဝတ် အတွင်းအင်္ကျီဆိုင်ထဲလဲ အတင်းတိုးဝင်ပြန်သည်။

ရိပေါ်က ကြုံဖူးနေကျမို့ သိပ်ကိစ္စမရှိပေမယ့် ရှောင်ကျန့်မှာတော့ အနေရခက်နေသည်။ ဒါကို ရိပ်မိတဲ့ ရိပေါ်ကပဲ ရိရှန်းကို ပြောရသည်။

"ကျဲ ကျွန်တော်နဲ့ရှောင်ကျန့် အပြင်ကစောင့်မယ်"

"အိုခေ၊ ဘေဘီ ကြိုက်တာဝယ်နော်၊ ဘေဘီsizeက ဘယ်လောက်လည်း"

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now