Unicode
ရိပေါ်မနက်ခင်းနိုးလာတော့ အနားမှာ ရှောင်ကျန့်ကရှိမနေပေ။ ပျင်းကြောဆန့်ရင်း ဝှားသန်းနေတုန်းတန်းလန်း အခန်းထဲဝင်လာသော ရှောင်ကျန့်ကြောင့် ရိပေါ်မှာ သန်းရင်းတန်းလန်းနဲ့ ပါးစပ်အမြန်ပိတ်လိုက်ရသည်။
ပြုံးစိစိနဲ့ ကြည့်နေသည့် ရှောင်ကျန့်ကြီးကို မျက်စောင်းထိုးပြစ်ကာ ပြောလိုက်သည်။
"ဘာရယ်တာလဲ ရယ်စရာပါလို့လား"
"မပါပါဘူးဗျာ၊ ဝမ်ရိပေါ်လေး အိပ်ယာနိုးတဲ့ ပုံစံက နည်းနည်း အင်း အများကြီး ချစ်ဖို့ကောင်းလို့"
ဒီလူကြီးက ဝမ်ရိပေါ်ကို အမြဲတမ်း အနေရခက်အောင် လုပ်လွန်းသည်။ ရှောင်ကျန့်ကြီးက တအား ယုတ်မာပါသည်။
"ကျွန်တော်က ချောတာဗျ၊ ချောတာ၊ ချစ်ဖို့ကောင်းတာမဟုတ်ပဲ ယောက်ျားပီသပြီး သိပ်ကိုခန့်ညားလွန်းလို့ လူတကာငေးတဲ့ ရူပါလေးနဲ့ ဝမ်ရိပေါ်ဆိုတဲ့ကျွန်တော်က လူရည်မွန်လေး"
"ဟားဟား ဟုတ်ပါပြီဗျာ၊ လူရည်မွန်လေးက အခု မျက်နှာသစ်ပြီး အပြင်ထွက်ခဲ့ပါ၊ မနက်စာအဆင်သင့်ဖြစ်ပါပြီ"
သူ့ကိုယ်သူ လက်မဖြင့် ထိုးပြကာ ခေါင်းမော့ပြီး ဂုဏ်ယူနေသည့် ဝမ်ရိပေါ်လေးက ရှောင်ကျန့်ရဲ့ အမြင်မှာတော့ ခွေးပေါက်လေးသာ၊ ဖြူဖြူလုံးလုံးနဲ့ ကတ်ကတ်လန်စွာတတ်တဲ့ ခွေးပေါက်လေး။
အခုပဲကြည့် နှုတ်ခမ်းရဲလေးကို စူထော်ပြီး ခြေကိုဆောင့်ကာ ရေချိုးခန်းထဲ ကော့ပတ်ကော့ပတ်နဲ့ ဝင်သွားပြန်သည်။ ဖင်လေးကိုများ ပြေးရိုက်လိုက်ရရင်တော့လား။
တစ်ကယ်မရိုက်ရဲပေမယ့်..ပေါ့ဗျာ။"ဝေါင်း ဝေါင်း ဘယ်ဆိုင်က မှာထားတာလဲ"
မျက်နှာကို ရေပြောင်အောင်မသုတ်ရသေးပဲ ထမင်းစားခန်းထဲဝင်လာသည့် ဝမ်ရိပေါ်က စားပွဲပေါ် အရန်သင့်တင်ထားသည့် ပန်းကန်နှစ်ချပ်ကိုကြည့်ကာ ဆိုလာသည်။
"ကိုယ်လုပ်ထားတာ၊ စားကြည့်မလား"
"ကြည့်ရတာတော့ မဆိုးပါဘူး၊ ကျွန်တော်နန်းကြီးသုတ်ကြိုက်တာ ဘယ်လိုသိလဲ"