Unicode
ကုမ္ပဏီထဲက ထွက်လာသည့် ရိပေါ်ရဲ့ မျက်နှာဟာ အခြေအနေမကောင်းကြောင်း ဖော်ပြနေသည်။
ကျိရန်လက်ထဲကနေ ဟောက်ရွှမ်းတစ်ယောက် သူ့လက်သူ ဆွဲထုတ်ကာ ရိပေါ်ဆီပြေးရသည်။
"ရိပေါ် ကျန့်ကောက ဘာတဲ့လဲ"
"အလုပ်ရှုပ်နေတယ်တဲ့၊ ငါတို့ပြန်ရအောင်ဟောက်ရွှမ်း"
"ရိပေါ် ပြန်တော့မလို့လား"
"ကျွန်တော်လာတဲ့အချိန်က အချိန်ကောင်းမဟုတ်သေးဘူးထင်တယ် ကျိရန်ကော၊ နောက်မှပဲ ထပ်လာခဲ့ပါ့မယ်"
"အချိန်ကောင်းကို ကောကဖန်တီးပေးမှာမို့ စောင့်နေရိပေါ်"
"ကျေးဇူးကော"
ရိပေါ်တို့ကားလေး ထွက်သွားတာကို တစ်ဆုံးငေးပြီးမှ ကျိရန်လည်း ရှောင်ကျန့်ဆီ ပြန်လာခဲ့သည်။
အလုပ်စားပွဲမှာ စာရင်းဖိုင်တွေကိုင်ရင်း ငူငူကြီးထိုင်နေတဲ့ ရှောင်ကျန့်က ကျောက်ရုပ်အလား။ မလှုပ်မယှက်နဲ့ တံခါးကိုသာ စိုက်ကြည့်လို့နေသည်။ ကျိရန်ဝင်လာတာကိုလည်း သိလိုက်ပုံမရ။
"ဟေ့ကောင်ရှောင်ကျန့်!"
"ဟင် ဘာလဲ"
"ဘာလဲမနေနဲ့ မင်းအလုပ်ရှုပ်နေတာဆို၊ ဘာအလုပ်တွေက ဘယ်လိုရှုပ်နေတာလဲ"
"ငါ....ငါတို့ ညကျ အရက်သွားသောက်ရအောင်"
"ပြောပုံက မသိရင် အရင်ညတွေက အရက်မသောက်တဲ့လူကျနေတာပဲ"
"ဒီနေ့က စိတ်ညစ်လာလို့ပါကွာ"
"မနေ့က စိတ်ရှုပ်လို့၊ တစ်နေ့က စိတ်အဆင်မပြေလို့လို့ မင်းပြောဦးမှာငါသိတယ်"
သိရင်ပြီးတာပဲဆိုသည့် အမူအရာလုပ်ပြကာ စာရင်းစာရွက်တွေကို ပြန်ကိုင်နေလေသည်။
သူငယ်ချင်းတွေကို အချစ်နဲ့မတွေ့စေချင်တဲ့ အကြောင်းအရင်းတွေထဲ ဒါတွေလဲပါသည်။ သူတို့က အသည်းကွဲပြီး အရက်လေးတစ်ပြပြနဲ့။ ကိုယ့်မှာတော့ သူ့လိုက်ထိန်းနေရတဲ့အထိန်းတော်ကြီးလို။ တစ်ယောက်တည်းလည်း ပစ်မထားရက်။ သူ့မှာကိုယ်ပဲရှိသလို ကိုယ့်မှာလည်း သူပဲရှိတာဆိုတော့ မခက်ပေဘူးလား ဟောက်ရွှမ်းရယ်။ ပြောရင်းနဲ့တောင် လွမ်းလာပြီ။
![](https://img.wattpad.com/cover/270231566-288-k295025.jpg)