Unicode
အိပ်ခန်းသုံးခန်းပါရှိသော အိမ်သေးသေးလေးထဲတွင် လူငါးယောက်အသံက ညံလျက်။
နေ့ခင်းဘက်တည်းက မပြန်တော့သည့် ဝမ်ရိရှန်းက ရိပေါ်တို့အိမ်တွင် တစ်ပတ်လုံးနေမည်ဟု ခေါင်းမာနေလေသောကြောင့် မတတ်သာသည့်အဆုံး သူတို့ခေါင်းငြိမ့်ထားရသည်။
အခုလည်း ညဘက်ကြီးကို ဘီယာ၂ဖာဝယ်ထားပြီး သောင်းကျန်းနေပြန်သည်။
"တီး တောင်"
တံခါးဘဲလ်မြည်သံကြောင့် ရောင်ကျန့်အပြင်သို့ ထွက်သွားသည်။ ခနကြာတော့ ကျိရန်နဲ့အတူ ပြန်ရောက်လာသည်။ အကုန်လုံးရဲ့အကြည့်တွေက ကျိရန်ထံတွင်ရှိနေသောကြောင့် ရှောင်ကျန့်ကပင် ရှင်းပြရသည်။
"ကျိရန်ကို ကိုယ်ခေါ်လိုက်တာဝမ်ရိပေါ်"
"ကျွန်တော်ကမေးနေလို့လား၊ လူများတော့ ပိုကောင်းတာပေါ့၊ လာလေကျိရန်ကော"
အခုဆိုလျင် လူခြောက်ယောက်ဖြင့် အိမ်ကြီးက ပို၍စိုပြေနေလေသည်။ ဆူညံသံများကြား တစ်ချက်တစ်ချက် ရိပေါ်ရဲ့ သီချင်းဆိုသံက ထွက်လာတတ်သေးသည်။
"သရဲကားကြည့်ကြမလား?"
ရိရှန်းက စမေးလာပြီးနောက် အကုန်လုံးက ပြိုင်တူ ခေါင်းငြိမ့်လျက်သား။ တစ်ယောက်ကလွဲလို့။
"ကျွန်တော်သဘောမတူဘူးနော် ကျဲ"
"ဝမ်ဂေါ်လီလေးကလဲ၊ မကြောက်နဲ့လေ ကြည့်ရအောင်ပါ၊ ဒီမှာ လူက တစ်ယောက် နှစ်ယောက်လည်းမဟုတ်၊ အများကြီးရှိနေတာကို"
"ဟင့်အင်း"
"ဝမ်ရိပေါ်မကြည့်ရဲရင် မကြည့်ပဲနေကြရအောင်၊ တော်ကြာ.."
"ကြည့်မယ်"
ရှောင်ကျန့်စကားမဆုံးခင် ရိပေါ်က ထိုသို့ဖြတ်ပြောလာသည်။ ကြည့်မည်တဲ့။ သရဲအကြောင်းပြောလျှင်ပင် ကြောက်တတ်သည့် ဝမ်ရိပေါ်က ကြည့်ပါမည်တဲ့။
"မကြည့်ရဲပဲ ကိုယ့်ကိုယ်ကို ဇွတ်အတင်း တွန်းအားမပေးနဲ့လေ ဝမ်ရိပေါ်လေးရယ်"
"ခင်ဗျား အဲ့လိုပြောလို့ကိုကြည့်မှာ၊ တအားလျှာမရှည်နဲ့၊ ကျွန်တော်က ကြည့်မယ်ဆို ကြည့်လိုက်ပေါ့"
![ဘု နဲ့ ဘောက် [Completed]](https://img.wattpad.com/cover/270231566-64-k295025.jpg)