~8~

3.4K 389 14
                                    

Unicode

"ဝမ်ရိပေါ် အကူအညီလိုတယ်၊ ဒီနေ့ ကိုယ့်မိဘတွေနဲ့ လိုက်တွေ့ပေးမှဖြစ်မယ်"

"ဟာဗျာ ကျွန်တော်မအားဘူးဒီနေ့၊ သင်တန်းသွားရဦးမှာဗျ"

"ညနေမှလေ ဝမ်ရိပေါ်ရယ်၊ မင်းသင်တန်းက​နေ​ပြန်လာမှ သွားရမှာလေ"

"ကျစ် ကျွန်တော်ချိုချိုသာသာတွေ မပြောတတ်ဘူးနော်၊ ကြိုပြောထားတာ"

"ဒါဆို သဘောတူပြီမလား"

"ခင်ဗျားက မလိုက်မချင်း ခေါ်နေမှာမလား၊ ကျွန်တော်ငြင်းလဲ အသုံးဝင်မှာမှမဟုတ်တာ၊ သွားတော့မယ်ဗျာ နောက်ကျတော့မယ်"

"ကိုယ်လိုက်ပို့ပေးမယ်"

"သဘော"

ဆိုင်ကယ်က အခုထိ ပြင်နေရတုန်းဖြစ်သည်မို့ ရိပေါ် ရှောင်ကျန့်လိုက်ပို့မည်ကို ငြင်းမနေတော့ပေ။ busလည်း တိုးစီးချင်စိတ်မရှိတော့သည်ကြောင့်လည်း ဖြစ်သည်။

..........

"ဟိတ် ကောင်လေး"

ခေါ်သံကြားလို့ လှည့်ကြည့်တော့ ဟိုနေ့က အိမ်ကိုလာသည့်တစ်ယောက်။ သူ့ကိုခြံစောင့်ဟု ပြောဆိုထားသည်မို့ ဟောက်ရွှမ်းက သိပ်မကြည်။

ဒီလူခေါ်တာကို ငါကဘာအရေးလုပ်ရမှာလဲ..

သူ့ဟာသူ တစ်ယောက်တည်းရေရွတ်ရင်း စည်းဝေးခန်းကိုသာ ခပ်မြန်မြန်လှမ်းနေမိသည်။

"ဟောက်ရွှမ်းမဟုတ်လား"

"ဟာဗျာ..."

ဟောက်ရွှမ်း၏ပုခုံးကိုလှမ်းကိုင်ကာ ငဲ့ကြည့်လာသည်မို့ ဟောက်ရွှမ်းဒေါသဖြစ်မိသည်။

လက်ရဲဇက်ရဲနဲ့..

"ဟုတ်နေတာပဲ၊ ကိုယ်က လူလွဲတယ်ထင်နေတာ"

"လွဲလက်စ,နဲ့ ဆက်လွဲလိုက်ပါလား"

"ဟားဟား၊ ကိုယ့်ကို ဟိုနေ့က ကိစ္စကြောင့် စိတ်ဆိုးနေတုန်းထင်တယ်"

"............."

ဟောက်ရွှမ်းဘာမှပြန်မဖြေတာကကို အဖြေမို့ကျိရန်တောင်ပန်မှဖြစ်တော့မည်။

"ကိုယ်တောင်းပန်ပါတယ်ကွာ၊ ကိုယ်လည်း အဲ့နေ့က ရှောင်ကျန့်ကို တွေ့ချင်ဇောနဲ့ နည်းနည်းသတိလွတ်သွားတယ်"

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now