~14~

3.6K 355 15
                                        

Unicode

ဝမ်ရိပေါ်နှင့် ရှောင်ကျန့် မတွေ့ခင် တစ်ရက်အလို..

နာမည်ကြီး စားသောက်ဆိုင်တစ်ခုတွင် မှုန်ကုပ်ကုပ်ဖြင့် လူနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

"ဆိုတော့ မင်းက အကိုနဲ့လက်ထပ်ဖို့ ငြင်းမယ်ပေါ့"

"ကောဘက်က ငြင်းတာမျိုး ဖြစ်စေချင်တာပါ၊ ညီမက အိမ်ကို လွန်ဆန်မရဘူး"

ကောင်မလေးက မျက်နှာငယ်လေးဖြင့် ဆိုရှာသည်။ ထိုသူမှာ အခြားသူမဟုတ် ချင်းရီပင်ဖြစ်သည်။ သူနှင့် စကားပြောနေသူမှာ ရှောင်ကျန့်ကလွဲ၍ အခြားသူမဟုတ်။

"အကိုက မလုပ်ချင်ဘူးဆိုရင်ရော"

"ရှင် !"

သူမ ထိတ်လန့်သွားသည်။ သူမအရှေ့တွင် ခန့်ညားစွာ ရှိနေသည့် ထိုလူသားက ချောမောတာထက်ပိုကြောင်း သူမ ဝန်ခံပါသည်။ သို့ပေမယ့် သူမလက်မထပ်ချင်ပေ။ သူမအကြိုက်မဟုတ်နေခဲ့ပါ။

"ကောကို ဒီလိုတောင်းဆိုပါတယ်"

"ဟိုး ဟိုး အဲ့လိုတော့မလုပ်နဲ့၊ သူများတွေမြင်ရင် အကို့ကို တစ်မျိုးထင်ကုန်မယ်"

လက်အုပ်ချီနေသော ချင်းရီကြောင့် ရှောင်ကျန့်မှာ ညာဘက်လန့်ကို ဆန့်တန်းရင်း လက်ခါပြရသည်။ ပြီးနောက် အကျႌကို တစ်ချက် ပြန်သပ်ရင်း နှုတ်ဟလာသည်။

"ဒါဆို အကို့ဘက်က ငြင်းပေးမယ်"

"ဟာ ကောတစ်ကယ်ပြောတာလား"

အပျော်လွန်နေသည့်ကောင်မလေးကို လက်ကာတားရင်း မပြီးပြတ်သေးသည့်စကားကို သူက ထပ်ပြောလာသည်။

"ဒါပေမယ့် အပေးအယူတော့ရှိတယ်"

"ပေးမယ် ပေးမယ် ဘာဖြစ်ဖြစ်"

"မင်းသူငယ်ချင်းကို လိုချင်တာ"

"အမ် !"

ချင်းရီခေါင်းကို လျှင်မြန်စွာ အလုပ်လုပ်ရပြန်သည်။ သူ့သူငယ်ချင်းဆိုလို့ နှစ်ယောက်သာရှိသည်။ ဟောက်ရွှမ်းနှင့် ရိပေါ်။ မိန်းကလေးဆိုလို့ သူတစ်ယောက်တည်းပဲ မဟုတ်ဘူးလား။

"မင်းသူငယ်ချင်း ဝမ်ရိပေါ်"

'မင်းသူငယ်ချင်း' ဆိုသည့်နေရာကို သမားရိုးကျ အသံအတိုင်းဆိုရင်း 'ဝမ်ရိပေါ်'ဆိုသည့်နေရာတွင် အသံကတိုးဖွဖွနှင့် ငြင်သာမှုအပြည့်နဲ့ဆိုသည်။

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now