~4~

4.4K 419 12
                                        

Unicode

"ရိပေါ် နောက်ကျတယ်နော်"

"အိပ်တာနောက်ကျသွားလို့ပါကွာ"

"မင်း အိပ်ချိန်၊ စားချိန်လေးလည်း ဂရုစိုက်ပါဦးကွာ၊ လူက ဘာပုံစံဖြစ်နေပြီလဲဆိုတာ မှန်ထဲရော ကြည့်မိရဲ့လား"

"ဘာပုံစံဖြစ်နေလို့လဲ၊ မှန်ထဲကြည့်လည်း ငါ့ရဲ့ချောမောမှုကလွဲပြီး ဘာမှကိုမတွေ့တာ"

"လျှာရှည်မိတဲ့ငါပဲ မှားပါတယ်ဘဝင်ရူးရယ်"

ဘဝင်ရူး!! ဟန်ကွမ်းပြောမှ ဟိုလူ့ပုံရိပ်က သူ့မျက်လုံးထဲ ပြန်မြင်လာသည်။ သူ့ထက်ပိုပြီး ဘဝင်ရူးတဲ့လူရှိသေးကြောင်း အခွင့်ကြုံရင် ပြောပြချင်သေးရဲ့။ အခုတော့ အလုပ်လုပ်ရပေဦးမည်။

ဝမ်ရိပေါ်သည် အကသင်တန်းတွင် နည်းပြအဖြစ် အလုပ်ဝင်နေခြင်းဖြစ်သည်။ သူလုပ်ဖူးသမျှ အလုပ်ထဲ ဒီအလုပ်သာလျှင် သူနဲ့အသင့်တော်ဆုံးဟု သူထင်သည်။ လုပ်သက်၆နှစ်ရှိပြီဆိုတော့ ပိုသင့်တော်တာပေါ့။

ဟန်ကွမ်းက သူ၏ လုပ်ဖော်ကိုင်ဖက်။ စီနီယာဆိုလည်း မမှား။ သို့ပေမယ့် ရင်းနှီးလာသည့် ၆နှစ်အတွင်း စီနီယာနှင့် ဂျူနီယာဆိုသည်မှာ သတ်မှတ်ချက် သက်သက်သာ။ သူတို့နှစ်ယောက်ကလည်း သူငယ်ချင်းပေါင်း ပေါင်းရလောက်သည်ထိ ရင်းနှီးလို့နေပြီ။

အသက်အားဖြင့်လည်း တစ်နှစ်ကျော်ကျော်လောက်သာ ကွာသည်။ သူက ၂၃နှစ်၊ ဟန်ကွမ်းက ၂၄နှစ်စွန်းစွန်း။

"မင်း ဒီအလုပ်ကို ပင်ပန်းတယ်လို့ထင်လား?"

နေ့လည် ထမင်းစားချိန်တွင် ဆိုင်တစ်ခုမှာ ဝင်စားဖြစ်ကြရင်း ဟန်ကွမ်းမှ အမေးရှိလာသည်။

"ခန္ဓာကိုယ်ကတော့ ပင်ပန်းတာအမှန်ပဲ၊ ဒါပေမယ့် ငါပျော်နေသ၍တော့ စိတ်ပင်ပန်းမှာ မဟုတ်ဘူး၊ မင်းသိတဲ့အတိုင်း ငါက စိတ်မပါရင် အသက်တောင် ရှူတဲ့ကောင်မဟုတ်ဘူးလေ၊ ငါသာ ဒီအလုပ်ကို မနှစ်သက်ရင် ထွက်တာကြာပေါ့၊ ပြောချင်တာက ဒီအလုပ်က ပင်ပန်းပေမယ့် ငါပျော်တယ်"

"မင်းကတော့ မင်းပါပဲ"

"ငါက ငါပဲလေ၊ ဘယ်သူရှိရဦးမှာလဲ"

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now