Unicode
ဒီနေ့ဟာ ရက်သတ္တပတ်များရဲ့ သောကြာနေ့။
မနက်ခင်းဟာ တိတ်ဆိတ်လျက် ရိပေါ်နှင့် ရှောင်ကျန့်တို့၏ ရန်ဖြစ်သံများ မကြာရတော့ပေ။
"ရိပေါ် မင်းဘဲကြီးရော"
"ဘယ်ကငါ့ဘဲကြီးလဲ?"
"ကျန့်ကောအပြင် ဘယ်သူရှိသေးလို့လဲ"
"ချီးကိုငါ့ဘဲကမှာလား၊ မနက်အစောတည်းက ထွက်သွားတာပဲ၊ ဘာကိစ္စလည်းတော့ မပြောသွားဘူး"
"အော်"
ဒီလိုနဲ့ ရိပေါ်အလုပ်က ပြန်ရောက်သည်အထိ ရှောင်ကျန့်ကို မတွေ့ရသေးပေ။ ခါတိုင်းဆိုရင် အလုပ်မရှိသည့် ရှောင်ကျန့်က ရိပေါ်ပြန်လာလျှင် ဧည့်ခန်းမှာ အသင့် ရှိနေတတ်သည်။ အခုတော့ ရှောင်ကျန့်ရှိမနေပါ။
ဟောက်ရွှမ်းပြန်ရောက်လာသည့်တိုင် ရှောင်ကျန့်က ရောက်မလာခဲ့ပါ။ ထိုစဉ် ရိပေါ်ဖုန်းမြည်လာသည်။
"အင်း.."
"ဝမ်ရိပေါ် ကိုယ်ဒီနေ့ အိမ်ပြန်တာ နည်းနည်းနောက်ကျမယ်"
"အဲ့တော့?"
"ဝမ်ရိပေါ်မမျှော်မှန်းတော့ ကိုယ်သိပါတယ်၊ ဒါပေမယ့် ကိုယ်က ပြောပြချင်လို့ပါ"
"ဒါပဲမလား"
"ဟို ဝမ်ရိပေါ် ခဏ.."
"ပြောလေ"
"ဘာမှမဟုတ်တော့ဘူး၊ စောစောအိပ်နော်"
ရိပေါ်ဘာမှဆက်ပြောမနေတော့ပဲ ဖုန်းချလိုက်သည်။
"ဘာတဲ့လဲရိပေါ်"
"အပြန်နောက်ကျမယ်တဲ့"
"နောက်ကျလောက်မှာပေါ့၊ သူအလုပ်ရှုပ်နေတာ ဖြစ်မယ်"
"မင်းကဘယ်လိုသိတာလဲ"
"ကျိရန်ကောတို့ကုမ္ပဏီမှာ ပြဿနာသေးသေးလေး တက်နေတယ်လို့ ငါကြားမိလို့ပါ၊ ကျန့်ကောက ပိုင်ရှင်မလား၊ အဲ့တော့ သူပါလိုက်ပြီး ဖြေရှင်းနေရလို့ဖြစ်မှာပေါ့"
ဟောက်ရွှမ်းစကားကြောင့် ရိပေါ်ငိုင်သွားသည်။
သူလွန်များ လွန်သွားပြီလား?
ဟိုက အလုပ်ရှုပ်နေသည့်ကြားက ဖုန်းဆက်ပြီး နောက်ကျမည်ဖြစ်ကြောင်း လှမ်းပြောပေမယ့် သူ့ဘက်က ပေါ့ပျက်ပျက်ပြုမူလိုက်မိသည်။
![ဘု နဲ့ ဘောက် [Completed]](https://img.wattpad.com/cover/270231566-64-k295025.jpg)