Unicode
စားပွဲဝိုင်းကြီးက တစ်ကယ်ကို ပျင်းခြောက်ခြောက်နိုင်စွာ။ စကားတစ်ခွန်းစဖို့ အချိန်ယူရပြန်သည်။ စကားလုံးတစ်လုံးစီတိုင်းက ပြဿနာကိုသာ ဦးတည်နေမည်ကိုတော့ စိုးရိမ်မိပါရဲ့။
"နေရတာ အဆင်ပြေရဲ့လား သား"
ပထမဆုံး စပြီးမေးလာသူက မာမား။
"ပြေပါတယ်"
"သားရယ် အိမ်ကိုပြန်လာခဲ့ပါ၊ မာမား သားလေးကို စိတ်ပူတယ်"
"မား... ကျွန်တော်ကလေးမှ မဟုတ်တော့တာ၊ ကိုယ့်ဟာကို ရပ်တည်နိုင်ပါတယ်"
"မင်းသားက ဘယ်တုန်းကများ စကားနားထောင်လို့လဲ၊ သူ့ဟာသူ နေချင်သလိုနေပါစေ၊ လွှတ်ထားလိုက်"
ပါပါးက စိတ်တိုနေသည်ထက် စိုးရိမ်ဒေါသမှန်း သူတို့အကုန်ရိပ်မိပါသည်။ ရှောင်ကျန့်ဆိုသည်မှာလည်း သူမလုပ်ချင်သည့် အရာကို ဇွတ်အတင်းလုပ်ခိုင်းတာမျိုးတွေ မကြိုက်တတ်သူမို့ ဒီတစ်ခါတော့ အလျှော့ပေးလို့မဖြစ်။
"အားကျန့် မားတို့က အားကျန့်အတွက် ပြောနေတာလေ၊ လူကြီးတွေရဲ့စကားကို နားထောင်ပါအားကျန့်ရယ်"
မမရှောင်းရှောင်မေက သူ့သားလေးကို ထမင်းခွံ့နေရာမှ ဝင်ပြောလာသည်။ ဘေးက ယောက်ဖဖြစ်သူကတော့ သူ့နဂိုစရိုက်အတိုင်း ဘာမှဝင်မပြောပဲ သူ့မိန်းမဖြစ်သူ ရှောင်ကျန့်ရဲ့အစ်မကိုသာ ကြည့်နေသည်။
ရှောင်းရှောင်မေနှင့် လင်းလျို့ဟိုင်တို့က သူတို့ချင်း ချစ်၍ ယူထားကြခြင်းတော့မဟုတ်။ နှစ်ဖက်မိဘများရဲ့ သဘောဆန္ဒအရ လက်ထပ်ထားကြခြင်းပင်။
လင်းကောက ရှောင်ကျဲအပေါ် သိပ်ဂရုစိုက်ကာ အစစအရာရာ အလိုလိုက်၊ အလျှော့ပေးတတ်သည်။ ရှောင်ကျဲကလည်း လင်းကောအပေါ် သိတတ်ပြီး ဇနီးတစ်ယောက်တာဝန် ကျေပွန်သည်။ အစက ချစ်ခဲ့ကြတာမဟုတ်ပေမယ့် နောက်တော့ အတူနေရင်း သံယောဇဉ်တွယ်သွားကြသည်။
အချစ်က တစ်ကယ်ကို နားလည်ရခက်တဲ့ ပုစ္ဆာ။
ထိုသို့တွေးမိတော့ သူ့ခေါင်းထဲ နေရာယူလာသူက အသားဖြူဖြူနဲ့ ကောင်လေးတစ်ယောက်။
![ဘု နဲ့ ဘောက် [Completed]](https://img.wattpad.com/cover/270231566-64-k295025.jpg)