~7~

4K 402 22
                                        

Unicode

ဒီနေ့ညနေပိုင်း ရာသီဥတု သာယာလှသည်။ ရှောင်ကျန့်တစ်ယောက် စီးကရက်ကို တစ်ချက်ဖွာလို့ ပြတင်းပေါက်ကနေ လှမ်းမြင်နေရသည့် ကောင်းကင်ကိုငေးသည်။ ထိုစဉ် ဖုန်းသံမြည်လာသည်။

"ဟဲလို"

"ရှောင်ကျန့်!!"

အော်သံခပ်စူးစူးက နားထဲကန့်လန့်ဝင်သည်။ အခုနောက်ပိုင်း ဒီကောင်တော်တော်လေး အာပြဲလာသည်။ အိမ်က ဝမ်ရိပေါ်နဲ့များ အမျိုးတော်သလားအောက်မေ့ရသည်။

"မင်းအလုပ်ကို အကြာကြီးပြစ်ထားပြီး ထင်ရာဆိုင်းမနေနဲ့၊ အခုဘယ်မှာလဲ၊ ငါလာခဲ့မယ်"

"လိပ်စာပို့လိုက်မယ်"

တစ်ဖက်က ဘာမှပြန်မပြောပေ။ ဖုန်းတန်းချသွားသည်။ ရှောင်ကျန့်က ထိုလူ့ဆီ အိမ်လိပ်စာပို့ပြီးနောက် အခန်းထဲမှထွက်သည်။

ဧည့်ခန်းထဲတွင် မုန့်မျိုးစုံနှင့် အလုပ်ရှုပ်နေသည့် ဝမ်ရိပေါ်နှင့်ဟောက်ရွှမ်း။

"ကျန့်ကော ဘီယာ"

ဟောက်ရွှမ်းကမ်းပေးသည့် ဘီယာဘူးကိုယူရင်း ရိပေါ်ဘေး၌ ဝင်ထိုင်လိုက်သည်။

"ဝမ်ရိပေါ်"

"ဘာလဲ?"

ရှောင်ကျန့်က ငြင်ငြင်သာသာခေါ်လိုက်ပေမယ့် ဝမ်ရိပေါ်ရဲ့ထူးသံက ဗုံးပေါက်သလို။

"ကိုယ့်မိဘတွေနဲ့ သွားတွေ့တဲ့အခါကျ ဒီလိုပဲ ထူးမှာလား"

"အဲ့ခါကျမှ ဆက်ပြောကြတာပေါ့"

"အိုခေလေ"

ပြောရင်း ရှောင်ကျန့်က ဆိုဖာအမှီပေါ် လက်လှမ်းတင်တော့ ဝမ်ရိပေါ်က အရှေ့တိုးထိုင်ရင်း ရှောင်ကျန့်ကို မျက်စောင်းထိုးသည်။

ကြမ်းခင်းပေါ်ထိုင်ရင်း ဇာတ်လမ်းတွဲကြည့်နေသည့် ဟောက်ရွှမ်းကတော့ အနောက်က အခြေအနေတွေကို ဘာမှမသိ။

"တီ တောင်"

ဘဲလ်မြည်သံကြားလို့ ရှောင်ကျန့်ထမည်လုပ်တော့ ဟောက်ရွှမ်းက လက်ကာပြကာ သူသွားဖွင့်ပေးမည်ဟုဆိုသည်။

"နေ နေ ကျန့်ကော၊ ကျွန်တော် သွားဖွင့်လိုက်မယ်"

ရှောင်ကျန့်ခေါင်းငြိမ့်ပြတော့ ဟောက်ရွှမ်းက အိမ်ရှေ့ထွက်သွားသည်။

ဘု နဲ့ ဘောက် [Completed]Where stories live. Discover now