Unicode
ချစ်ရပါသော...မောင်💚
..13...
"ကိုကိုလား..ဒီမှာလေနို့ထမင်းတေလာပို့တာ...."
"နို့ထမင်းလား...ပေးပေး.."
ပြောရင်းဆိုရင်း ybလက်ထဲမှဘူးလေးကို ဆတ်ကနဲဆွဲယူပီး
အဖုံးကိုကျွမ်းကျင်စွာဖွင့်ရင်း ဘူးထဲမှနို့ထမင်းများအားလက်နှင့်ယူကာ အားရပါးရစားနေသည့် ထိုကောင်မလေး....
"သမီးငယ်...အားနာလိုက်တာရှင်..သမီးလေးကနို့ထမင်းဆိုသိပ်ကြိုက်တာ..အခုလိုတကူးတကလာပို့ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်.."
ပြောပီး သူမနို့ထမင်းစားနေသောကောင်မလေးကိုပြုံးကြည့်နေရာမှ ကျေးဇူးတင်စကားပြောရင်း ybဆီကြည့်မိချိန်..
"ဟင်..ဟိုဘက်ခြံက ဝမ်သခင်လေးပဲ...အိမ်ထဲကြွပါအုံးလားရှင် "
"အာရပါတယ်...ကျနော်အဆင်ပြေပါတယ်ဗျ.."
"မဟုတ်တာ..လာပါ သခင်လေးရယ် ကျမတို့မိသားစုအပေါ် ဝမ်သခင်ကြီးနဲ့ဝမ်သခင်မတို့ပြုခဲ့တဲ့ ကျေးဇူးတေဆိုတာလဲမနည်းဘူးရယ်...
ကျမတို့လင်မယားလဲ တစ်နေ့တစ်နေ့ မိသားစုစားဝတ်နေရေးအတွက်ရုန်းနေ ကန်နေရတာနဲ့ သခင်လေးတို့အိမ်ဘက်လာမလည်ဖြစ်တာ နည်းနည်းရှိန်နေတာလဲပါတာပေါ့ရှင်..
အဟင်း...လာပါ..လာပါ...ဝမ်သခင်လေး ကြွပါ.."
သူမရဲ့လောကဝတ် ကောင်းမှုကြောင့် အနည်းငယ်ဟောင်းနွမ်းပုံရသည့် အိမ်လေးထဲရောက်သွားသူကyiboရယ်ပါ...
အိမ်လေးကဟောင်းနေပေမယ့်လို့ ဘလောက်နွေးထွေးတဲ့မိသားစုလဲဆိုတာ သူစိမ်းဖြစ်တဲ့သူတောင်ခံစားမိသည်အထိ....
"ကိုရေ...ရှင်အိမ်သာသွားတာလဲကြာလိုက်တာတော်...ဒီမှာဝမ်သခင်လေးလာတယ်တော့.."
"ပီးပါပီမိန်းမရာ လက်ဆေးနေလို့ပါဟ..ဟာ..သခင်လေး ကျနော်တို့ဆီလာလည်တယ်...ကြွပါဗျ.. မိန်းမရေ..သခင်လေးစားဖို့..တစ်ခုခုလုပ်ပါအုံး.."
yb-"အဲ့လိုမျိုး သခင်လေး သခင်လေးနဲ့မခေါ်ပါနဲ့ဗျာ ကျနော်မနေတတ်လို့ပါ ပီးတော့ ဘာမှလဲမပြင်ပါနဲ့ ကျနော်အိမ်က စားလာခဲ့ပါပီ "