Unicode
ချစ်ရပါသော..မောင်
...11....
ဒုတ်...
"အာ့...."
ကိုယ့်အတွေးနှင့်ကိုယ်မို့ ပတ်ဝန်းကျင်ကိုသတိမထားမိသောရှောင်ကျန့်...
အလောတကြီးလမ်းလျှောက်လာသူတစ်ယောက်နှင့်တိုးတိုက်မိလေတော့သည်...
"တောင်းပန်ပါတယ်ဗျ..ကျနော်သတိမထားမိလိုက်လို့ပါ..."
"အကိုxz. ..အကိုxzမလား"
Xzတစ်ယောက် ခါးကိုင်းဦးညွတ်လျက် တစ်ဖက်လူအားတောင်းပန်နေသောကြောင့် ...
တိုက်မိသောသူကဘယ်သူဘယ်ဝါမှန်းမသိပေမယ့် ရင်းနှီးနေသော အသံပိုင်ရှင်ကြောင့်ခေါင်းထောင်ကြည့်မိလေတော့..
"မိန်းခလေးရှောင်လီ.."
"အဟင်း ဟုတ်တယ် အကိုရဲ့.. လီ့မောင်ဝမ်းကွဲရဲ့အမေ နယ်ကနေဒီထိသူ့သားကိုလာတွေ့တာလေ..
အဲ့ဒါအိမ်မှာခနနားခိုင်းထားပီး ကြာကြာမစောင့်စေချင်တာနဲ့
လီကိုယ်တိုင်ပဲ ကျောင်းထိလိုက်ခေါ်ပေးတာ လောလော လောလောနဲ့ဆိုတော့အကို့ကိုမမြင်လိုက်မိဘူး..
လီလဲတောင်းပန်ပါတယ်နော်..."
"ရပါတယ်..."
"ဒါနဲ့ ..အကိုxzကရော. အသိဆီလာတာပဲလား"
"ဆိုပါတော့ဗျာ မိန်းခလေးရှောင်လီရော ဘယ်နားထိခိုက်သွားသေးလဲ"
"ဟင့်အင်း လီ ဘာမှမဖြစ်ဘူး..."
"ဒါဆို ကျနော့်ကိုခွင့်ပြုပါအုံး.."
"ကောင်းပါပီအကို..."
ကျောခိုင်းထွက်ခွာသွားသည့်တစ်ယောက်သောသူအား မြင်ကွင်းကနေပျောက်ကွယ်သွားသည်အထိ..
နူးညံ့စွာပြုံးရင်း မျက်စိတစ်ဆုံးသူမလိုက်ကြည့်နေမိသည်...
ဟိုးငယ်ငယ်လေးကတည်းက သူမဘက်ကပဲ တစ်ဖက်သတ်အချစ်နဲ့ တိတ်တခိုးစွဲလမ်းနေခဲ့ရတဲ့သူမဟုတ်လား...
"ကျဲ..."
"ဟင်..အော် စစ်ကျွေး ရောက်လာပီလား ကျဲလဲမင်းကို လာခေါ်တော့မလို့ပဲ "