Unicode
ချစ်ရပါသော... မောင်
...12...
"ဟင်..ကောမပြောမိပါဘူးမောင်ရယ်..."
"ခင်ဗျားမပြောရင် သူဘယ်လိုသိမှာလဲ..."
"ကောမညာပါဘူး..ကောတကယ်မပြောခဲ့တာပါ...."
"ခင်ဗျားပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သူကတော့သိသွားပီလေ ပီးတော့ ..သူကျနော့်ကိုဘာပြောလိုက်သေးလဲခင်ဗျားသိလား.."
"ဟင့်အင်း.."
"သူနဲ့ခင်ဗျား တစ်ယောက်ကိုရွေးတဲ့...ခင်ဗျားရော ကျနော်ဘသူ့ကိုရွေးမယ်ထင်လဲ.."
"မောင် ဝမ်ချင့်ကိုရွေးလိုက်တာမလား..."
"သေချာတာပေါ့...ခင်ဗျားကိုကျနော်မှမချစ်တာ..ကျနော်သူ့ကိုပဲချစ်တာ အဲ့ဒီတော့ သူ့ကိုပဲရွေးခဲ့တာပေါ့..."
"ဒါဆိုရင်...မောင်ဖြစ်ချင်တဲ့ဆန္ဒက ..."
"ကျနော့်ကိုအခုကွာရှင်းပေး..."
ybစကားကြောင့် စဥ်းစားဟန်ပင်မပြ မဆိုင်းမတွချက်ချင်းအဖြေပေးလိုက်သူက xiao zhan. ..
"ကောမလုပ်နိုင်ဘူးမောင်.."
"ဘာ..."
"ဟုတ်တယ် ကောတို့ယူထားတာမှမကြာသေးဘူး အခုကွဲမယ်ကွာမယ်ဆိုတော့ လူတေ ကောတို့ကိုကဲ့ရဲ့ကြမှာပေါ့မောင်ရဲ့..မောင်ဒါကိုမစဥ်းစားမိဘူးလား..."
"အဟား...ဟားဟားဟား..ဟားဟားဟားဟား..
တော်စမ်းပါဗျာ အရာမဝင်တဲ့အဲ့ဆင်ခြေတေနဲ့ လူကြားကောင်းအောင် လျှောက်ပြောမနေစမ်းပါနဲ့...
ခင်ဗျားလဲကျနော့်ကိုတွယ်တာနေတာမှမဟုတ်တာ ဘာလို့အပင်ပန်းခံနေအုံးမှာလဲ...ကွာပေးလိုက်ရင် နားကိုအေးလို့...
အော်..ကျနော်သိပီ...ဘာလဲ.. ခင်ဗျားမာမား မသေခင်က ဝမ်အိမ်တော်ရဲ့အမွေတေကိုအပိုင်ကြံပါလို့မှာထားခဲ့လို့လား ဟုတ်လား..
အဟက်..ဒါဆိုလဲစောစောကပြောရောပေါ့ဗျာ.စိတ်မပူပါနဲ့...ကျနော်ခွဲပေးမှာပါဗျ.."
ybရဲ့ သူ့မားအပေါ်မလေးမစားပြောဆိုပုံများကြောင့် ..
ချစ်တဲ့စိတ်လေးတစ်ခုတည်းနဲ့ သူအနိုင်ယူသမျှအရာရာသည်းခံနေခဲ့သောချစ်ရသူအပေါ် ဒီတစ်ခါတော့ xzအလျှော့မပေးနိုင်တော့...