Unicode
ချစ်ရပါသော..မောင်
...8...
ဝမ်ချင်-"အကိုရှောင်ကျန့်..တို့နဲ့အတူတစ်ခါတည်းဝင်စားလိုက်ပါလား"
yb-"ဝမ်ချင်လေးကလဲ..ဘာလို့သွားခေါ်နေတာလဲ သူ့ပ့သူစားချင်စားမစားချင်နေပါစေပေါ့ "
ဝမ်ချင်-"ကိုကိုကလဲ ကိုယ့်အကိုကို ဘာလို့အက်လိုပြောရတာလဲ လာအကိုရှောင်ကျန့် ထိုင် ချင်ထမင်းထည့်ပေးမယ်"
"နေ..နေပါစေ..ကျနော်မဆာသေးလို့ပါ မိန်းခလေးဝမ်ချင်တို့သာဝအောင်စားကြပါ"
"ဒါဆို ချင်အားမနာတော့ဘူးနော်"
ရှောင်ကျန့်အပူရုပ်ကိုဟန်လုပ်ပီး ခေါင်းငြိမ့်ပြုံးပြရင်း သူတို့၂ယောက်အလယ်တွင်ရပ်ကာ ယပ်ခပ်ပေးနေလိုက်သည်...
yb-"ဝမ်ချင်လေး စားကောင်းရဲ့လား အဆင်မပြေဘူးဆိုရင် ကိုယ်တို့ဆိုင်ကိုသွားစားရအောင်လေ"
"အာ...စားလို့ကောင်းချက်ပဲ ဆွေမျိုးတောင်မေ့တယ်....ချင်စားဖူးသမျှထဲမှာ အကိုxzလက်ရာကအရသာအရှိဆုံးပဲ ..မိုက်တယ်အကိုxz "
လက်မလေး၂ ချောင်းအား ထောင်ရင်း ထမင်းပလုပ်ပလောင်းဖြင့် သူ့ကိုပြုံးပြကာချီးကျူးစကားဆိုနေသော မိန်းခလေးအား....
xz-"ကျေးဇူးပါ မိန်းခလေးဝမ်ချင်"
yb-"ဒီအရသာက ဒီအရသာပါပဲ ဝမ်ချင်လေးရယ် တစ်ဖက်လူစိတ်ချမ်းသာအောင်ပြောနေပြန်ပါပီ..ဒီကောင်မလေးကတော့ "
"မဟုတ်ဘူး ချင်တကယ်ပြောတာ ချင် သူများတေလိုမြှောက်မပြောတတ်ဘူး အရှိကိုအရှိအတိုင်းပဲပြောတတ်တယ် အကိုxzကိုတော့ ချင်တကယ်ချီးကျူးတယ် ချင်တောင်ဒီလိုမျိုးတေမချက်တတ်ဘူး ဟီးဟီး နောက်လဲလာစားမယ်နော်"
yb-"ခွင့်တောင်းစရာမလိုပါဘူးဝမ်ချင်လေးရယ် ကိုကိုပိုင်တဲ့ပစ္စည်း ဝမ်ချင်လေးလဲပိုင်တယ် ဘယ်သူ့ခွင့်ပြုချက်မှမလိုဘူး ဒီအိမ်ကို ကြိုက်သလိုဝင် ကြိုက်သလိုထွက်လို့ရတယ်ဟုတ်ပီလား"
ဝမ်ချင်-"ဟုတ်ကဲ့ပါ ကိုကိုရဲ့ ...ချင်သိပါပီ အဲ့လိုအပြောလေးတေကြောင့် ချင်ကချစ်မဝဖြစ်နေရတာ"