Unicode
ချစ်ရပါသော.. မောင်💚
...22...
"ဟုတ်တယ်yiboရေ yiboတို့တော့ မကြာခင် မရီးချောချောလေး အိမ်ပေါ်ရောက်လာတော့မှာ.."
ကျနော် သူတို့ပြောသော ထိုစကားများကြောင့် ဘလိုမှအစားဆက်မစားနိုင်တော့..
ချိုင့်လေးကိုအသာဆင့်လို့ လက်တစ်ဖက်ကဆွဲရင်း ကောရှိရာ ရုံးခန်းလေးထဲ လေးတွဲသောခြေလှမ်းများဖြင့် တစ်လှမ်းချင်းလှမ်းဝင်လာခဲ့တော့သည်...
"စားပီးပီလားyibo ဒါဆို ကောပြောတော့မယ်နော်.."
"အင်း"
"ဟို..ဝမ်ချင့်ကိုသွားချော့လိုက်ပါအုံး..သူအစာမစားတာ ကြာပီတဲ့ အဲ့ဒါ.."
"ကျနော်သိပီ....ရုံးဆင်းရင်သွားလိုက်မယ်..."
"ဘာဖြစ်နေတာလဲ ကောင်လေး..ဘသူနဲ့ဘာဖြစ်လာတာလဲကောကိုပြော"
"ဘာမှမဖြစ်ဘူး..ကျနော်အလုပ်လုပ်တော့မလို့..ကျေးဇူးပြုပီးတိတ်တိတ်လေးနေပေးပါ"
"အော်..အင်း.."
Xz yiboကိုကြည့်ကာ စိတ်ထဲမတင်မကျဖြစ်သွားတာတော့အမှန်...
သို့ပေမယ့် သူ့ကောင်လေးအကြောင်းသူသိတာမို့ ဆက်ပီးလဲမမေးရဲ...
ရုံးဆင်းတော့ ကောင်လေးက ကျနော်နဲ့မလိုက်ပဲ..taxiစီးပီး ရှေ့ကထွက်သွားလေရဲ့..
ကျနော်ထင်တာမမှားဘူးဆိုရင်တော့ သူ့ကောင်မလေးဆီသွားတာပဲဖြစ်လိမ့်မည်...
~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟလို..ဝမ်ချင် အိမ်မှာပဲလား ကိုယ်တွေ့ချင်လို့ အပြင်ခဏထွက်ခဲ့ပေးလို့ရမလား.."
"ကိုကိုလား..လာပီ လာပီ..ချင်အခုထွက်လာပီ"
သူမအသံက ဖျော့တော့တိမ်ဝင်လျက်ရှိသောကြောင့်..နေမကောင်းဖြစ်နေတယ်ဆိုတာ သူအတပ်သိလိုက်သည်.. ..
"ကိုယ် ဝမ်ချင်တို့လမ်းထိပ်က စားသောက်ဆိုင်မှာစောင့်နေမယ်နော် တစ်ယောက်ထဲလာလို့ရော အဆင်ပြေရဲ့လား
ဒါမှမဟုတ်လဲ ဝမ်ချင် အိမ်မှာပဲစောင့်နေလိုက်လေ ကိုကိုလာခဲ့မယ်.."