PART 6

463 30 0
                                    

Unicode

ချစ်ရပါသော..မောင်

...6...

ပါးဆုံးပီးသွားတော့ ဂူမသွင်းပဲမီးသဂြိုလ်ပေးလိုက်ကြတယ်...

ဒီလိုနဲ့ပဲ ၁ရက်ပီး ၁ရက်ကုန်လွန်လာလိုက်တာ ဒီနေ့ဆို မဂ်လာဆောင်ရမဲ့ရက်တောင်ရောက်လာခဲ့ပီ...

သူတို့သားလောင်းက ဂရုစိုက်ရဲ့လားဆိုတော့ ကျနော်ရင်နာနာနဲ့ပဲ"ဟင့်အင်း"လို့ပြောပါရစေ....

အကြောင်းအရင်းကလား..

ပါးဆုံးတဲ့နေ့က ဟိုကောင်တေစော်လိုက်တဲ့ ကျနော့်မျက်နှာကဒဏ်ရာတေ ...အခုထိအရောင်မကျသေး..

ဝတ္တရားအရ"ဘာဖြစ်တာလဲ"လို့ သူတစ်ချက်ကလေးတောင်မမေးခဲ့ဘူး...

ဘာပဲဖစ်ဖစ်ကျနော်ကျေနပ်ပါတယ် ...

ဒီလောက်နှစ်တေအကြာကြီးပေးဆပ်ပီး ချစ်ခဲ့ရတဲ့ကောင်လေးတစ်ယောက်ကို ကျနော်အပိုင်စားရတော့မယ်လေ..

အခုအချိန်လောက်ဆို ဧည့်သည်တေရဲ့အလယ် မီးရောင်စုံတောက်ပနေတဲ့စင်မြင့်ထက်မှာ ပိစိလေးစောင့်နေလောက်ရောပေါ့....

ကိုယ်ရင်တေခုန်လိုက်တာ ပိစိလေးရယ်......

ဒေါက်..ဒေါက်...

"ရှောင်ကျန့်..ရှောင်ကျန့်"

"ဟင်...ဘသူလဲ ကျနော်..ကျနော် ပီးတော့မယ်..ခနလောက်စောင့်ပေးပါနော်"

"ရှောင်ကျန့် ငါပါ ဝမ်နင်..."

"ဟမ်..အေး ဝမ်နင် ဝင်လာခဲ့လေ.."

ကလစ်....

တံခါးဖွင့်ဝင်လာသော ဝမ်နင်...မျက်နှာကလဲသိပ်မကောင်းလှ...

"ဝမ်နင်..မင်းမျက်နှာလဲမကောင်းပါလား..ဘာဖြစ်လို့လဲ..ဒါနဲ့ ဟိုကောင်ကျန်းချန်ရော..."

"သူ အောက်မှာလက်မှတ်ထိုးဖို့ပြင်ဆင်ပေးနေတယ်.."

"ဘာ..လက်မှတ်ထိုးမယ်.."

"အေး ငါလဲအဲ့ကိစ္စကြောင့်ပဲ အပေါ်ကိုတက်လာခဲ့တာ....
ဝမ်ရိပေါ်က ဘလိုတေလုပ်နေတာလဲ ...
ငါတို့က သူမင်းကို ကြီးကြီးကျယ်ကျယ်မဂ်လာဆောင်ပေးမယ်ထင်ခဲ့တာ..
အခု သူကလက်မှတ်ထိုးပီး အကျဥ်းရုံးပဲဆောင်မယ်တဲ့.."

ချစ်ရပါသော..မောင်[ချစ်ရပါသော..မောင်](COMPLETE) Where stories live. Discover now