Unicode
ချစ်ရပါသော..မောင်💚
...29...
"အဟင်း မင်း သိပ်ဝမ်းသာသွားမှာပဲနော်..တို့မှ ဒီလိုမကူညီရင် မင်းcompanyဒေဝါလီခံပစ်ရမှာဆိုတော့လေ..ဟုတ်တယ်မလား.."
ဟုတ်တာပေါ့ သူမပြောတာသိပ်ကိုဟုတ်တာပေါ့ ...
လုပ်ငန်းပိုင်းနဲ့ထိတွေ့တာမကြာသေးတဲ့ သူ့လိုလူတစ်ယောက်က ဘယ်လိုလုပ် companyကြီးတစ်ခုလုံးကိုဦးစီးနိုင်အုံးမှာလဲ....
ဒီကြားထဲ လျော်ကြေးငွေပါပေးရအုံးမယ်ဆိုတော့..ဒေဝါလီခံလိုက်ရဖို့ပဲရှိတော့တာပေါ့....
"ခင်ဗျားအပိုတွေ ပြောမနေစမ်းပါနဲ့..ကျွန်တော်ဘာလုပ်ရမှာလဲဆိုတာပဲပြော..."
"အဟက်....ဟုတ်ပါပီ....တို့မဂ်လာပွဲနေ့ကျရင်..
တို့မောင်လေးတစ်ယောက်နဲ့မင်း..သတို့သားအရံလုပ်ပေးရမယ်...
သူတို့သမီးအရံကတော့ တို့ရှာထားပီးသား...
အတိုချုပ်ပြောရရင်တော့ကွာ ပိုပီး romantic ဆန်သွားအောင်..အရံကို နှစ်တွဲထားချင်တဲ့သဘော...မင်းနားလည်ရဲ့လား...""နေစမ်းပါအုံး..ခင်ဗျားမှာဘယ်တုန်းက မောင် ရှိသွားရတာလဲ..
ကျုပ်သိသလောက်တော့ အကိုနှစ်ယောက်ပဲရှိတာပါ..
အော်..ဟုတ်သားပဲ ခုမှသတိရတယ်....
ခင်ဗျားလိုတာ အရံ နှစ်တွဲဆိုတော့ ခင်ဗျားအကိုနှစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါလား.....""တို့က မင်းကိုပဲလုပ်စေချင်တာ.. နောက်ပီး တို့မောင်လေးကိုလဲ တစ်ခါတည်းစေ့စပ်ပေးချင်တာလဲပါတာပေါ့...
ဘာလဲ...တို့မင်းကိုကူညီနေတာကို မင်းကမလုပ်ချင်တာလား..ကောင်းပီလေ..ဒါဆိုရင်လဲ...."
"ကျွန်တော်လက်ခံတယ်..."
သူမ yiboစကားကြောင့်....သဘောကျဟန်ပြုကာ...နှစ်ခြိုက်စွာပြုံးလိုက်ရင်း...
"ကောင်းပါပီ...ဒါဆိုရင်..ဒီမှာဖိတ်စာ...မင်းလာမယ်လို့..တို့အတည်ပြုလိုက်ပီနော်..."
ကျွန်တော် လက်ထဲမှရွှေမှုန်လေးတွေစီခြယ်ထားတဲ့ ဖိတ်စာလှလှလေးကို တင်းကြပ်စွာဆုပ်ကိုင်ရင်း
သူမအားအသာခေါင်းငြိမ့်ပြလိုက်သည်...
(xiao zhan. .....
ခင်ဗျားပြောတော့...ကျွန်တော်ကိုသိပ်ချစ်တာပါဆို...
ခင်ဗျားအသက်ထက်ပိုပီးချစ်တာပါဆို...
ဟက်...အခုလိုကျတော့လဲ ခင်ဗျားစကားတွေက ပြက်လုံးတစ်ခုလိုပဲနော် သိပ်ရယ်ရတယ်...
ကျွန်တော်ခင်ဗျားကိုမုန်းတယ် သိပ်မုန်းတယ်xiao zhan...)