Unicode
ချစ်ရပါသော..မောင်💚
...28...
Ring. .Ring. .Ring. ..
yibo သူသိပ်ကိုတွယ်တာရတဲ့ သူသိပ်ကိုချစ်မြတ်နိုးရတဲ့ သူတစ်ယောက်က သူ့အပေါ် အခုလိုမျိုး လုပ်ရက်လိုက်လေခြင်းဟူသောအသိစိတ်ကြောင့်...
လျော်ကြေးကိစ္စပင်ခေါင်းထဲမရောက်နိုင်...အလုပ်ထဲလဲအာရုံစိုက်လို့မရသည်နှင့်...
အလုပ်စားပွဲပေါ် ခေါင်းငိုက်စိုက်ချလျက် တရှုံရှုံ့ငိုနေရာမှ...မြည်လာသော ဖုန်းလေးအားပြန်ဖြေလိုက်သည်...
တော်သေးတာပေါ့...သူ့အလုပ်စားပွဲက CEOရဲ့သီးသန့်ရုံးခန်းထဲမှာမို့ သူ့အကြောင်းတေဘယ်သူမှမသိတာ...
"hello. ..ကျင်းလင်ပြော.."
"yibo. ..ငါတို့မင်းအိမ်တောင်ရောက်နေပီ..မင်းရုံးမဆင်းသေးဘူးလား..."
"ဟမ်..."
သူတို့ပြောမှ ကျွန်တော် လက်မှာပတ်ထားတဲ့နာရီကို လျင်မြန်စွာငုံ့ကြည့်လိုက်မိသည်...
(ဟင် ရုံးဆင်းချိန်တောင်ကျော်နေပီပဲ....)
"အေးအေး ငါအခုလာပီ...မင်းတို့အိမ်ထဲဝင်စောင့်နေလိုက်..."
yibo ပြောပီးသည်နှင့်..ဖုန်းချလိုက်ကာ ရုံးဆင်းပေးရန် တံခါးကိုဖြတ်၍အထွက်...
အခန်းထဲဝင်လာသော တစ်စုံတစ်ယောက်နှင့် တိုးတိုက်မိလေတော့သည်...
"ရှောင်ရှင်းချန်..."
"boss ထမင်းစားဆင်းချိန်ရောက်နေပီလေ အဲ့ဒါရုံးမဆင်းသေးလို့ လာပြောတာပါ.."
"အင်း ငါလဲ အခုအဲ့ဒါလာပြောမလို့ပဲ..ပီးတော့ငါသွားစရာရှိသေးလို့ နေ့လည်ရုံးဆင်းချိန်ထိ ရုံးကိုမင်းပဲကြည့်ထားပေး.."
"ဟုတ်ကဲ့ပါboss"
ဒီလိုနဲ့ သူ ကားလေးအား အိမ်သို့ပြန်မောင်းလာခဲ့ပီး ကားကိုဂိုဒေါင်ထဲသွင်းမနေတော့ပဲ အိမ်ရှေ့တွင်သာရပ်ထားခဲ့လိုက်ကာ အိမ်ထဲပြေးဝင်လာခဲ့လေသည်...
"ကျင်းလင်..စစ်ကျွေး..စောင့်နေတာကြာပီလား...ဟင်..ယွဲ့ရီရောရောက်နေတာလား."