Unicode
ချစ်ရပါသော..မောင်💚
.....Final......
"အား..."
သူမကိုရွယ်လိုက်သော ဓားချက်ကြောင့် ကြောက်အားလန့်အားဖြင့် ကမန်းကတန်း ထ ပြေးရင်း ပုန်းအောင်းရန်နေရာရှာနေတုန်းမှာပဲ.....
တီးတောင်လ်....
မြည်လာသော bellသံကြောင့်....
"ဒီအချိန်ကျမှဘယ်ကဧည့်သည်တွေလာနေကြတာတုန်း..."
ပြောရင်း...သူမ စောန ကလေးမလေးအားလှည့်ကြည့်မိလေတော့....
ထိုကောင်မလေးက ခပ်ကြီးကြီးဆိုဖာတစ်ခုနှင့်ကွယ်ကာ သူမအားမရဲတရဲလှမ်းကြည့်နေလေရဲ့.....
"နင်နဲ့ငါ ပီးမှစာရင်းရှင်းမယ်..."
ပြောပီး သူမခင်ပွန်းရှောင်ရွယ်၏ရုပ်အလောင်းအား မီးဖိုထဲသို့ ဒရွတ်တိုက်ဆွဲသွားကာ...ဓားကိုပါထောင်ခဲ့ရင်း
cameraနှင့်ခိုးရိုက်နေသော...ရောဂါသည်ကောင်မလေး၏မနီးမဝေးတွင် ထားခဲ့လျက်....တံခါးသွားဖွင့်လေတော့သည်...
သို့ပေမယ့်...သူမ ထိုကောင်မလေးကို တစ်စိုးတစ်စိမျှပင်မြင်ခဲ့ခြင်းမရှိ...
ဘာလို့လဲဆိုတော့...အဲ့ဒီကောင်မလေးပုန်းအောင်ရာနေရာက
သူမလုံးဝမမြင်နိုင်ပေမယ့် သူမတို့ဖြစ်ပျက်နေတဲ့ကိစ္စအားလုံးကို ကွက်ကွက်ကွင်းကွင်းလှမ်းမြင်နေရတဲ့...
ဘေစင်နှင့်ထမင်းစားပွဲကြားရှိ ခပ်ကြီးကြီးပန်းကန်ဗီရိုတစ်ခုရဲ့အကွယ်မှာဖြစ်နေခဲ့တာကိုးး....
"ဟင်...ရှောင်ကျစ်....."
"အကိုရှောင်ရွယ်မရှိဘူးလား မရီး..."
"ကိုရှောင်ရွယ်လား အော် သူ့ကို ကိစ္စတစ်ခုနဲ့နယ်ကိုလွှတ်လိုက်တယ် မင်းကဘာကိစ္စရှိလို့လဲ..."
"ဒီမှာလေ..ဒီအရေးတကြီးဖိုင်တေကို ဒီနေ့အပြီးလုပ်ရမှာမို့ ကျနော်လာပို့တာ.."
"အင်း..ငါ့ကိုပေးခဲ့.."
"ဟို......"
"ဘာလဲ..."
"ကျွန်တော်..ရေအရမ်းဆာနေလို့...အဲ့ဒါ..."
"နင်ရေဆာတာ ငါခပ်ပေးရမှာလား..."