Unicode
ချစ်ရပါသော..မောင်💚
...14....
"ဘာ ဟမ် လဲ မင်းတို့ပဲစောစောကသွားစရာရှိလို့ဆို"
ကျန်းချန်-"အာ..ဟုတ်တယ်မိန်းခလေးရှောင်လီရဲ့..ကျနော်တို့၂ယောက်သွားစရာရှိသေးလို့.ရှောင်ကျန့်နဲ့အေးအေးဆေးဆေးစကားပြောရင်းနေခဲ့ပါ...ကျွန်တော်တို့ကို ခွင့်ပြုပါအုံးဗျ.."
ရှောင်လီ -"ဟုတ်ကဲ့ပါရှင့် ကြွပါ.."
ကျန်းချန်-"လာ..ဝမ်နင်"
ဝမ်နင်-"မဟုတ်ဘူးလေ..ကျန်းချန်..ဟျောင့်.."
မျက်နှာရိပ်မျက်နှာကဲပြရင်း ဝမ်နင့်အားဂျိုင်းမှကိုင်မြှောက်ကာ ဆိုင်ပြင်သို့ဆွဲခေါ်သွားသော အကဲခတ်အလွန်တော်သည့်ကျန်းချန်....
အခုလဲ ရှောင်ကျန့်ဘာကိုဆိုလိုချင်လဲဆိုတာ သူသိတာမို့ ဝမ်နင့်ကိုမရမကခေါ်ထုတ်သွားခြင်းပင်ဖြစ်သည်...
သူတို့၂ယောက်ဆိုင်ပြင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် xz မျက်နှာချင်းဆိုင်မှ မိန်းခလေးဘက်သို့လှည့်ကာ...
"မိန်းခလေးရှောင်လီ ဘာမှာမလဲ .......waiter. ..."
xz လက်ဖြောက်တီးရင်းခေါ်လိုက်တော့ သူတို့စားပွဲသို့အပြေးရောက်လာသည့် ဝန်ထမ်းကောင်လေးတစ်ယောက်...
"လီ့ကို ရှောင်လီ လို့ခေါ်လို့ရပါတယ်အကို.. အခု လီ တို့ကမိတ်ဆွေတေဖြစ်သွားကြပီမဟုတ်လား"
"အော်..ကောင်းပါပီ..ရှောင်လီ.."
"ဟုတ်..စောနက လီစားခဲ့ပါပီ ကော်ဖီပဲသောက်တော့မယ်.."
"ဒါဆို ကော်ဖီတစ်ခွက်ပေးပါညီလေး"
waiter-"ဟုတ်ကဲ့."
သူတို့နားမှwaiterကောင်လေးထွက်သွားသည်နှင့်...
"ကျနော်တို့လဲကျောင်းပီးကတည်းက အေးအေးဆေးဆေးမတွေ့ဖြစ်တာကြာပီနော်.. ဒါနဲ့ ရှောင်လီရော အခုဘာစီးပွားရေးတေလုပ်နေလဲ"
"လီလား လီက အခု ပါပါးcompanyမှာပဲ ဝင်လုပ်နေတာလေ အကိုရော ဝမ်companyမှာပဲမလား"
"အင်း..ဟုတ်တယ်..."
စားပွဲပေါ်သို့coffeeခွက်လာချပေးသော waiterကောင်လေးကြောင့် xzသူပြောချင်သည့်စကားအား ခဏဖြတ်လိုက်ကာ...ထိုကောင်လေးထွက်သွားသောအခါမှ...