PART 31

481 28 0
                                    

Unicode

ချစ်ရပါသော...မောင်💚

....31....

စောစောစီးစီး စိတ္တဇကောင်လေးနေထိုင်ရာဝမ်အိမ်တော်အတွင်း၌ ကျန်းချန်အပါအဝင် အစေခံအားလုံးဒေါင်းတောက်နေကြလေရဲ့...အကြောင်းမှာ....

"သခင်လေးကိုနေရာတိုင်းရှာပီးပါပီ...ဒါပေမယ့်..."

ပြောပီး...ခေါင်းငိုက်စိုက်ကျသွားသော...အစေခံကောင်လေးအား...ကျန်းချန် ဘာမှမဖြစ်သည့်ဟန်ဖြင့်...

"ရပါတယ်...အကိုပဲ ရှာလိုက်တော့မယ်..သူဝေးဝေးလံလံတော့မသွားလောက်ပါဘူး ညီလေးတို့လုပ်စရာရှိတာလုပ်ကြတော့..."

"ဟုတ်ကဲ့ပါ"

အနားမှထိုကောင်လေးထွက်သွားသည်နှင့်....ကျန်းချန် ခြံပြင်သို့ထွက်ရှာရန် ဧည့်ခန်းမှအဖြတ်...

အစေခံများအသုံးပြုရန်ထားထားပေးသော...ကြိုးဖုန်းလေးတင်ထားရာ...စားပွဲခုံလေးဆီအကြည့်ရောက်သွားမိလေတော့....

(ဟင်..ဒီနေ့ရှောင်ကျန့်မဂ်လာပွဲပဲ..နေပါအုံး..အဲ့နေ့ကသူပေးတဲ့ဖိတ်စာကို အဲ့စားပွဲပေါ်ပဲတင်ထားခဲ့တာပါ....ဘယ်ပျောက်သွားတာလဲဟ...)

ကျန်းချန် ခေါင်းထဲဝင်လာသော အတွေးစနှင့်အတူ....စားပွဲဆီသွားရန်ပြင်လိုက်ပေမယ့်.....

(မဟုတ်မှလွဲရော...ဝမ်..ဝမ်နင်...)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူဂုဏ်တန်အသိုင်းအဝိုင်းကကျင်းပတဲ့မဂ်လာပွဲတဲ့....

ခမ်းနားထည်ဝါလိုက်တာ...တကယ်ကိုသြချရလောက်ပါပေတယ်...

လာတဲ့ဧည့်သည်တွေဆိုတာလဲ...အိမ်နဲ့တောင်မဆန့်ချင်ဘူး...

အိမ်ကြီးကလဲ...မီးရောင်စုံတေခြယ်သထားလိုက်တာ ဘုရင့်ရွှေနန်းတော်ကြီးအလား.....

ပီးတော့ ထိုအရာတွေနဲ့လိုက်ဖက်ညီလွန်းလှတဲ့ အပေါ်လွင်ဆုံးလူသားတစ်ဉီးလဲရှိနေသေးလေရဲ့...

သူကလား...

ဟိုး..မဂ်လာစင်မြင့်ပေါ်ကနေ...နတ်သမီးလေးသဖွယ် ချောမောလွန်းလှတဲ့ သူ့ရဲ့ သူတို့သမီးလေးကို ကြိုဆိုကမ်းလင့်နေတဲ့ ကျွန်တော်သိပ်ချစ်ရတဲ့လူသားလေးပေါ့....

ချစ်ရပါသော..မောင်[ချစ်ရပါသော..မောင်](COMPLETE) Where stories live. Discover now