Unicode
ချစ်ရပါသော..မောင်💚
...25....
"ကျစ်..ဘာလို့ဖုန်းမကိုင်ရတာလဲဝမ်ချင်လေးရယ်..."
yibo ပြန်မဖြေတဲ့ဖုန်းလေးကို ခေါ်မရတဲ့အဆုံးမှာတော့..
စိတ်ထင်ရာလုပ်တတ်သောသူမ ဘာမှမဖြစ်ပါစေနဲ့ဟုသာဆုတောင်းရင်း ဖုန်းလေးကို စားပွဲပေါ်ပြန်တင်ကာ...
ခေါင်းအုံးပေါ်ခေါင်းချ စောင်ကိုရင်ဘတ်ထိဆွဲခြုံရင်း..
အိပ်စက်ခြင်းဥယျာဥ်ထဲသက်ဆင်းလိုက်လေတော့သည်.. ...
မနက်......
"ဒီမှာစာချုပ်တေ...မောင်လက်မှတ်ထိုးထားနှင့် ကော အပေါ်ထပ်မှာ အထုတ်တေသွားယူအုံးမယ်.."
"ဟို.."
"ဟင်..ဘာလဲ..."
"ဟင့်အင်း ဘာမှမဟုတ်တော့ပါဘူး..သွားယူလေ"
"အင်း.."
(ပြောပီး လှေကားပေါ်တစ်လှမ်းချင်းနင်းတက်သွားတဲ့ ထိုလူသားရဲ့ကျောပြင်လေးကို ကျနော် သိပ်ကိုတန်ဖိုးထားမြတ်နိုးမိပါရဲ့...
ဒါပေမယ့်..အခုချိန်ကျမှ ကောအပေါ် ကျနော် မေတ္တာရှိနေမိပါတယ်ဆိုရင်ရော ကောကယုံမှာတဲ့လား..ဟက်..မင်းအရူးပဲwang yibo. ..)
အခုချိန်မှာ ကိုယ်ပြောခဲ့တဲ့ စကားအတွက်ယူကြုံးမရဖြစ်ရုံကလွဲပီး ကျနော် ဘာများတတ်နိုင်အုံးမှာလဲဗျာ...
"ပီးပီလား မောင်.."
"အော်..အင်း.."
ပြောပီး စာချုပ်များပေါ်မှ ကျနော်တာဝန်ရှိနေတဲ့နေရာလေးတွေပေါ်မှာ လျင်မြန်စွာ ရေးခြစ်ပေးလိုက်သည်...
"ပီးရင် ဒီကို ပေး.."
Geကတော့ ကျနော့်လက်ထဲက စာချုပ်လေးနှစ်ခုကိုဆတ်ကနဲဆွဲယူရင်း သွက်သွက်လက်လက်ရေးထိုးနေပုံက ဘာမှခံစားရပုံမပေါ်သည့်ဟန်..
ကျနော်တကယ်မှားသွားပါတယ်geရယ်.....
အချိန်တေကိုသာနောက်ပြန်ရစ်လို့ရရင် ကျနော်အဲ့ဒီစကားကို ပြောခဲ့မိမှာမဟုတ်ပါဘူးဗျာ....
"ရော့...ဒါကအိမ်သော့ ဒါက ကားသော့..ဒါကခြံသော့...
ဒါဆို..ကောသွားတော့မယ်နော်..