Unicode
ချစ်ရပါသော..မောင်💚
...30....
"ဟင်..ယွဲ့ရီ..စောစောစီးစီးဘာလာလုပ်တာလဲ...."
"ဒီမှာ..မာမားက ကိုကိုစားဖို့ဟင်းပို့ခိုင်းလိုက်တာ..."
"ဟုတ်လား..ကျေးဇူးပဲလို့ ကိုကိုအစား မားကိုပြောပေးနော်.."
" ဟုတ်ကဲ့.......ခိခိ....ခိခိခိ."
"အင်...ဘာတွေ ဒီလောက်သဘောကျနေတာတုန်းယွဲ့ရီရဲ့..."
"ကိုကိုက အဲ့ဝတ်စားတေနဲ့ အရမ်းချောတာပဲ တိယား..ခိခိ..ခိခိခိ..ဒါနဲ့.ကိုကိုကအ့တေဝတ်ပီး ဘယ်သွားမို့လဲဟင်.."
"အော်..ဒါလား....ဒီလိုဝတ်ထားရတဲ့အကြောင်းက..
ဟိုတခါ.ယွဲ့ရီလေးပြောတဲ့ ကိုကိုကျန့်ကျန့် မဂ်လာဆောင်ကိုသွားမလို့ပေါ့..
ဘယ်လိုလဲ...ဒီလိုဝတ်ထားတာကိုကိုနဲ့လိုက်တယ်မလား......"
"ဟုတ်.လိုက်တယ်..ကိုကိုခဏစောင့်နော်...ရော့ ဒါယူထား..."
ပြောပီး ကျနော့်လက်ထဲ ရောက်လာသော ဟင်းဗူးလေး...
ကျနော်လဲ...သူမ ပြန်လာအုံးမည်ထင်တာနဲ့..အိမ်ထဲမဝင်ပဲ..အပြင်မှာပဲရပ်စောင့်နေလိုက်သည်...
ခဏအကြာ....
"ကိုကို...."
ခေါ်သံနှင့်အတူ...စွတ်စွတ်ဖြူနေသော...ဂါဝန်လေးအား ဝတ်ဆင်ကာ....
နားနှစ်ဘက်အပေါ်မှဆံနွယ်လေးများအား...နောက်သို့ပို့ကာစည်းထားပီး....
ဆံပင်အားလုံးအား ကျောပေါ်တွင်ဖြန့်ချထားလျက် ကျနော့်နားပြေးလာသော သူမ...
လက်ထဲမှာလဲ..အဖြူရောင်နှင်းဆီပန်းပွင့်လေးတွေကို စုစည်းထားတဲ့ပန်းစီးတစ်ခုအားကိုင်လျက်သား..
"ကိုကို..မီးမီးယာ့ယား..."
"ယွဲ့ရီ..ဒါ..ဒါတေဝတ်ပီး...ယွဲ့ရီက...ဘယ်သွားမလို့လဲ"
"ကိုကိုနဲ့လိုက်မလို့လေ..."
"ဟမ်..."
"ဟုတ်တယ်သခင်လေးရေ...
သမီးငယ်က မနက်မိုးလင်းကတည်းက...
ကိုကို့အတွက်ဟင်းချက်ပေးပါ..ကိုကို့အတွက်ဟင်းချက်ပေးပါဆိုပီး တဆာဆာလုပ်နေလို့...