Unicode
" Daddy သူက သမီးရဲ့ချစ်သူ
သူ့နာမည်ကရှောင်းကျန့်တဲ့ "၀မ်ရိပေါ်က ရှင်းလေးမိတ်ဆက်ပေးတဲ့ ကောင်လေးကို မှင်တက်စွာကြည့်နေမိတယ်။
"ဟုတ် တွေ့ရတာ ၀မ်းသာပါတယ်
ဟို ဘယ်လိုခေါ်ရမလဲ ဦး .... ဦး၀မ် "နူးညံ့တဲ့အပြုံးလေး၊ စမ်းချောင်းရေတွေတသွင်သွင် စီးဆင်းလာသလိုကြည်လင်တဲ့ အသံလေး ၊ အမြဲတိတ်တခိုး ငေးကြည့်ခဲ့ရတဲ့ နှုတ်ခမ်းပါးလေးတွေအောက်က မှဲ့လေး ။ ပထမဆုံးအနီးကပ်မြင်ရတော့ ပိုပြီးပြည့်စုံတဲ့ ယောက်ကျားပီသစွာချောမောမှု့ နဲ့အပြိုင် နူးညံ့ယဉ်ကျေးတဲ့ အပြုအမူလေးတွေပါရှိနေသေးတာ။
ရှောင်းကျန့်က ရှင်းလေးရဲ့ချစ်သူတဲ့လား ...ရင်ဘတ်တစ်ခုလုံး ရုတ်တရက်တင်းကြပ်လာပြီး လည်ပင်းမှာအလုံးကြီးတစ်လုံးတစ်ဆို့ထားသလို စကားပင်ပြန်မပြောနိုင်...
"Daddy ? "
"ဟင် "
"ပြန်နှုတ်ဆက်လိုက်ဦးလေ daddyရဲ့
daddyက တည်တည်ကြီးနေတော့ ကိုကိုအနေခက်တာပေါ့ "၀မ်ရိပေါ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ
" ကိုယ့်ကို ဘာမှကြိုမပြောဘူး ရှင်းလေးက...
သမီးလေးရဲ့ ချစ်သူဆိုတော့ ကိုယ့်သမီးကို ဘယ်အထိရည်မှန်းထားလဲ ""ကျွန်တော်က အခု ဒီဇိုင်းcompanyတစ်ခုမှာ အလုပ်လုပ်ပါတယ်ခမျာ ။ ၀င်ငွေလဲမဆိုးတာမို့ စုဆောင်းထားတာတွေလဲရှိပါတယ်။ ကျွန်တော်တို့တွဲနေတာလဲ တစ်နှစ်ကျော်ပါပြီ ။ ဦးသာ ခွင့်ပြုမယ်ဆိုရင် ရှင်းလီကို အမြန်ဆုံးလက်ထပ်ချင်ပါတယ်။ဟို.. ဦးတို့လောက် မပြည့်စုံပေမယ့် ရှင်းလီကို တစ်သက်လုံးကြင်ကြင်နာနာနဲ့ လူတန်းစေ့နေနိုင်အောင်ထားပါ့မယ် ။ စောင့်ရှောက်ပါ့မယ်လို့ ကတိပေးနိုင်ပါတယ်ဦး "
"ကောင်းပြီလေ ကိုယ်စဉ်းစားဦးမယ်
အခုတော့မင်းတို့သွားနိုင်ပြီ ရှင်းလေး သူ့ကိုပြန်ပို့လိုက်ပါ ။ daddy ခရီးပန်းလာလို့ နားချင်တယ် "သူ့ကိုနှုတ်ဆက်ပြီးထွက်သွားကြတဲ့ ကျောပြင်လေးကိုငေးမောရင်း နာကျင်မှု့က အတိုင်းအဆမဲ့တယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု့အပြည့်နှင့် တက်ကြွစွာပြောနေခဲ့သောကောင်လေး။ ဒီကောင်လေးသာ ရှောင်းကျန့်မဟုတ်ခဲ့ဘူးဆိုရင် သူရှင်းလေးအတွက်စိတ်ချသွားမိမှာ ။ ဒါပေမယ် သူက ရှောင်းကျန့်ဖြစ်နေခဲ့တယ်။

VOCÊ ESTÁ LENDO
Bitter Love Story (Completed)
FanficStart Date - 19.6.2021 End Date - 17.7.2021 #yizhan