Episode 1

11.6K 429 2
                                    

Unicode

"ဟူး....... မောလိုက်တာ" ဆိုပြီး သက်ပြင်းချ လေမှုတ်ထုတ်ပြီး ကိုယ့်ဘာသာ ဖြူနုနု လက်ကလေးနဲ့ ယက်ခပ်ပြီး အမောတဟောနဲ့ အဝေးပြေးကားပေါ် တက်လာခဲ့တဲ့ ကောင်ငယ်လေး  မိမိစီးသည့်ကားမှာ VIP အထူးကားလေးဖြစ်သောကြောင့် ခုံတစ်ခုံစီနဲ့ သီးသန့်ထိုင်ရတဲ့ကားလေးပေါ့

'မေမေ တောင်းပန်းပါတယ် ဘဝမှာတစ်ခါလောက်တော့ဆန့်ကျင်ပါရစေ '

'မေမေအခုဆိုတော်တော်လေးခေါင်းမီးတောက်နေလောက်ပြီ စေ့စပ်ပွဲမှာ သတိုးသားလောင်းမရှိဘူးဆိုတော့ တော်တော်ဆိုးရွားလှသည့်အချေအနေ'

'မသိတော့ဘူးကွာ နောက်ရောက်မှ နောက်ရောက်ရားကြည့်ရှင်းမယ် အခုက မစေ့စပ်ရတော့တာကအမြတ်ဘဲ တစ်နှစ် နှစ်နှစ်လောက်ဆိုရင်တော့ မေမေ စိတ်ပြေလောက်ပါရဲ့ အခုကစာချုပ်စာတန်းနဲ့သွားတာဆိုတော့ မေမေ အတင်းလုပ်လို့ရမှာ‌တော့ မဟုတ်ဘူး အင်း အခုတော့ မသိတော့ဘူး အိပ်တော့မယ်' ဆိုပြီး တစ်ယောက်တည်း တွေးတောကာအိပ်ဖို့ လုပ်ဆောင်တော့တယ် သွားမည့်နေရာက စစ်ကိုင်းတိုင်းမှာရှိတဲ့ ဖွင့်ဖြိုးမှု ခေတ္တနောက်ကျနေတဲ့ မထင်မရှား လူသိနဲတဲ့ ရွာငယ်လေးတစ်နေရာ ရန်ကုန်ကနေ ၁၄နာရီလောက်ကြာနိုင်တယ်ဆိုတော့ အိပ်လိုက်ဖို့အပြင်အခြားမတွေးတော့ဘဲ နားကြပ်လေးတပ်ပြီး သီချင်းလေးဖွင့်ကာ အိပ်ပြီးလိုက်ပါသွားတော့တယ်။

မှေးကတည်းအိပ်ပျော်သွားချိန်မှာတော့

"အား..... နာတယ်မေမေရဲ့ လွှတ်ပါဦး ကြည့်နားတော်တော်ရဲသွားပြီ မေမေကလေ အသားခြင်းကိုယ်ချင်းလဲမစာဘူး " အေးချမ်းရိပ် ပြောလိုက်တယ်

ထိုအခါ အမေဖြစ်သူ ဒေါ်မင်းမင်းဆွေက " ဘာပြောတယ် ကိုယ်ချင်းမစာဘူး ဟုတ်လား လာခဲ့ အခု စေ့စပ်မယ် ကြည့် လူကြီးတွေစုံနေပြီ ထွက်ပြေးမယ်လို့မစဉ်းစားနဲ့ တွေ့လား ဘေ့စ်ဘောတုတ် ခြေထောက်ကို ရိုက်ချိုးပြစ်မယ် ဘာမှတ်နေလဲ" ဟုပြောတယ်

"ငင့် မေမေကလဲ"

အေးချမ်းရိပ် ဖင်မီးခဲပေါ်ထိုင်နေရတဲ့အတိုင်း ထိုင်မရထမရဖြစ်နေတော့တယ်။ ဘယ်မှာလဲ သတို့သမီးလောင်းက ကြည့်လိုက်တော့မတွေ့  မိန်းမသားဆိုလို့  အသက်ငါးဆယ်ကျော် အန်တီကြီး တစ်ယောက်သာတွေ့တယ် မဖြစ်နိုင်ပါဘူး အဲ့အမျိုးသမီးတော့ ဘုရားဘုရား မဖြစ်ပါစေနဲ့ ဆုတောင်းရင်း

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now