Episode 26

3.4K 185 0
                                    

Unicode

ထွန်းတောက်ဂုဏ်အင် နေ့လည်က တိုးကျော် ပေးတဲ့ ဗီဒီယိုဖိုင်းလေးနှစ်ခု အခေါက်ခေါက်အခါခါ ကြည့်လိုက် ရယ်လိုက် ပြုံးလိုက်နဲ့ အလုပ်ရှုပ်နေတော့တယ် အများအမြင်မှာကြည့်ရင် ရူးနေတယ်လို့ဘဲ ထင်ကြမှာမလွဲ

"ဒေါက်ဒေါက်" ထိုအချိန် အခန်းတံခါးကို ခေါက်လာသံကြားတော့

"ဘယ်သူလဲ "ထွန်းတောက်မေးလိုက်တယ်

"အကိုလေး ကျွန်တော် တိုးကျော်ပါ "

"အေး တိုးကျော် ဘာကိစ္စလဲ ဝင်ခဲ့"

"ဟုတ် အကိုလေး"

"ဘာအကြောင်း ကိစ္စလဲတိုးကျော် "တိုးကျော်ဝင်လာတော့ မေးလိုက်တယ်

"အကိုလေး ရဲစခန်းက ဖုန်းဆက်လာပါတယ် အချုပ်ကျထားတဲ့ သူတွေကို စီရင်ချက်ချဖို့ လာမယ့်အပတ်မှာ တဲ့ အနည်းဆုံး ထောင်က ၁၀နှစ် လောက်ကျမယ်တဲ့ အကိုလေး ပေးထားတဲ့ သက်သေအရဆိုရင်တဲ့ ငွေအလွဲသုံးစားလုပ်မှု တာဝန်ဝတ္တရားပျက်ကွက်မှု စာရင်းအင်းဖျောက်ဖျက်မှု့ လှို့ဝှက်သတင်းပေါက်ကြားစေမှု နဲ့ ကုမ္ပဏီပိုင်ငွေ ကိုယ်ကျိုးအတွက်သုံးမှု ကုမ္ပဏီကို သရေဖျက်မှု တို့နဲ့ဆွဲထားတာပါအကိုလေး "

"အင်း ဒါတောင်သက်ညှာတာလို့ခေါ်တယ် ဒါနဲ့ မြေအောက်ခန်းကဟာတွေ အခြေအနေဘယ်လိုလဲ  "

"မြေအောက်ခန်းက လူတွေကတော့ သူတို့ကိုယ်သူတို့ နောင်တရနေတဲ့ပုံပါ နောက်ပြီး သူတို့မိသားစုတွေကလဲ လာလာမေးကြပါတယ်အကိုလေး "

"အဲ့တာတွေ မင်းကြည့်ရှင်းထားလိုက် ထွက်မပြေးရအောင်သေချာစောင့်ကြည့်ထားခိုင်း မင်းလူတွေကို"

"ဟုတ်ကဲ့အကိုလေး"

"ဒါဘဲမှတ်လား ငါနားတော့မယ်"

"ဟုတ်ကဲ့အကိုလေး"

တိုးကျော်ထွက်သွားတော့' လူကြီးကလေးလေးရေ နောက်တစ်ခေါက်ဘဲ တစ်ခေါက်ဘဲ တွေ့တာနဲ့ သေချာတာမင်းက ကိုယ့် ဖူးစာရှင်အမှန်ဘဲ အငြင်းပွားစရာမလိုအောင် မှန်တဲ့ အမှန်တရားဘဲ' တွေးလိုက်တယ် ...

အေးချမ်းရိပ် ဒီနေ့ဆိုရင် တနင်္ဂနွေနေ့ ပြောရရင် မြို့ပေါ် သွားပြီး  ဝယ်စရာရှိတာ သွားဝယ်ဖို့ ဒီလိုနဲ့ မနက်ခင်း လေးမှာ အပင်လေးတွေကို ရေလောင်းပေါင်းသင်တဲ့အမှု ပြုအပြီး ရေမိုးချိုးကာ စက်ဘီးလေးစီးပြီး မြို့ပေါ်တက် ဈေးဝယ်ချင်းအမှုကို ပြုလုပ်တော့တယ်...

မေတ္တာအနစ်နာ ( Completed)Tahanan ng mga kuwento. Tumuklas ngayon