Episode 67

1.8K 80 2
                                    

Unicode

နောက်မနက်ရောက်တော့ အေးချမ်းရိပ်မိဘတွေအိမ်ကိုသွားကြတယ် မနက်ဖန်ခါ အလှူလုပ်မှာဖြစ်တာကြောင့် ပြင်ဆင်ရမယ်လေ

"သားတို့ရောက်လာပြီလား လာ ဝင်ကြ" အမေပြောတော့ အိမ်ထဲဝင်ကြတယ် ထွန်းတောက်အိမ်ကို ကြည့်တော့ လူအလယ်လတ်တန်းစားနေတာမို့ နှစ်ထပ်တိုက် RC နဲ့ ဆောက်ထားပြီး ခြံကိုလဲ အုတ်နံရံတွေနဲ့ သေခြာ ခတ်ထားတယ် အပြင်ကိုတော့ နို့နှစ်ရောင်ဆေးသုတ်ထားတယ် အတွင်းပိုင်းကိုတော့ မိုးပြာရောင်ဆေးချယ်ထားတယ် အခန်းကအောက်မှာ ၂ခန်း အပေါ်ထပ်မှာတော့ ၂ခန်းရှိတယ်လို့ပြောတယ် တက်မကြည့်ရသေး အိမ်ကတော့ တော်တော်ကိုကြယ်ပါတယ် လူသုံးယောက်နေတာကို အရမ်းကျယ်တယ်လို့ထင်တယ်

"သားတို့ထိုင် သားအေးချမ်း သားအခန်းပြလိုက် သားထွန်းတောက်ကို"

"ဟုတ်ကဲ့ မောင်လာ " ဆိုကာ အခန်းထဲခေါ်သွားလိုက်တယ်

"ငယ် ငယ့်အခန်းက ကစားကွင်းနဲ့တူတယ်နော်အရုပ်တွေကြီးဘဲ တစ်ခန်းလုံး "

"အရုပ်ကကြိုက်လို့လေ ဒါ့ကြောင့်ဝယ်ထားတာ"

"အပြာအရမ်းကြိုက်တယ်နဲ့တူတယ် အသုံးအဆောင်တွေအကုန် အပြာကြီးဘဲ အခန်းထဲ နရံကပ် ကပ်ခွာကပ်ထားတာတောင် အပြာရောင်ဘဲ ကပ်ထားတာ "

"အပြာက မျက်စိအေးတယ် နှလုံးသမားတွေ အတွက်အပြာက သက်သာစေတယ်"

"ငယ်က နှလုံးရောဂါရှိလို့လား"

"မရှိပါဘူး အပြာအကြောင်းပြောပြတာလေ "

"ဪ အင်း"

"ဒီမှာနေဦးမလား အောက်ဆင်းမလား"

"နေချင်တယ် ဒါပေမယ့် အောက်ဆင်းမယ် "

"အန် ဘာလဲ"

"အောက်ကမဆင်းလို့မရဘူးလေ မိဘတွေရှိနေတာ ပြင်ရဆင်ရမှာ မနက်ဖန် အလှူကိုလေ မဏ္ဍာဋ်ထိုးဖို့ချက်ပြုပ်ဖို့တို့က ကူမှကောင်းမှာပေါ့ လူများပြောစရာဖြစ်မှာလေ ယောင်္ကျားလေးချင်းလဲယူထားသေးတယ် အိမ်ပေါ်ကမဆင်းလာတော့ဘူး ကူလဲမလုပ်ဘူးလို့ ပတ်ဝန်းကျင်ဝေဖန်နေပါဦးမယ်"

မေတ္တာအနစ်နာ ( Completed)Unde poveștirile trăiesc. Descoperă acum