Episode 69

1.9K 91 0
                                    

Unicode

အေးချမ်းရိပ်ကတော့ ဘာမှကိုမပြော မသိသလိုသာ ကြည့်နေတယ် အေးချမ်းရိပ်သိတာက ရေဦးကသူဌေးဘေးဘဲ သိတာ Bright Group ရဲ့ ဥက္ကဌမှန်း လုံးဝမသိ Bright ဆိုတာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး လုပ်ငန်းတွေထဲက top five ဝင်တဲ့ လုပ်ငန်းစု ဥက္ကဌကို မည်သူမှမတွေ့ဖူးကြ ထွန်းတောက်ပြောဖူးတာကတော့ နှစ်ဖက်မိဘတွေက အရမ်းချမ်းသာကြတဲ့ ဆွေကြီးမျိုးကြီးတွေလို့ အခုလောက်ထိ ကြီးမှန်းမသိ

"သား သားက ဒါဆို အဖေလုပ်တဲ့ ကုမ္ပဏီရဲ့ ဥက္ကဌပေါ့ "

"ဆောရီးအဖေ အခုမှပြောမိလို့ တောင်းပန်ပါတယ်"

"ဒီလုပ်ငန်း‌တွေက အဖိုးနဲ့ အဖေ ကြိုးစားအားထုတ်လို့ ဖြစ်လာတဲ့ အရာတွေပါ အဖေ အဖိုးတို့ရဲ့ အမွေတွေပါ ဒီက လူယုံနဲ့ လွှဲထားတာပါ လုပ်ပိုင်ခွင့်အပြည့်ပေးထားပြီးတော့ ရေဦးကတော့မေမေ့ မိဘတွေ မေမေ့ရဲ့ အမွေတွေပါ ကျွန်တော်က အမေချစ်သားဆိုတော့ အမေခေါင်းချတဲ့ နေရာမခွဲနိုင်တော့ ဟိုမှာ အခြေချနေတာအဖေ"

"ဪ သားရှင်းပြမှဘဲ ဇာတ်ရည်လည်တော့တယ်"

"ဟုတ်အဖေညက အမေတို့ကို မေးတာ အကြောင်းရှိလို့ပါ ဘယ်သူတွေလဲ ဆိုတာက ကျွန်တော်က ဘယ်သူ့မှ သိပ်မယုံတက်တော့ တိုးကျော်ကို အခေါ်လွှတ်ပြီး စုံစမ်းကြည့်လိုက်တာ ပြီးတော့ အမေက သူတို့ယောင်္ကျားတွေ လုပ်တဲ့ ကုမ္ပဏီ ပြောပြတော့ ကျွန်တော့ လုပ်ငန်းတွေထဲကတစ်ခုဖြစ်တော့ သိရတာ စုံစမ်းရလွယ်သွားတာပေါ့ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်ထားတာ သူတို့တစ်ခုခု ပြောလာရင် လုပ်လာရင် ပြန်ခြေပဖို့"

"ဪ အေးသား အမေတို့လဲ ဒီလိုပြောလိမ့်မယ်လို့ မထင်မိဘူးသား အမေတို့ အပေါင်းအသင်းမှားတာဘဲ "

"ဖြစ်တက်ပါတယ်"

"အေးသား"

"ငယ် ဗိုက်ဆာလား "

"အင်း "

"ဘာစားချင်လဲ မောင့်ကိုပြော"

"KFC စားချင်တယ် "

"အင်း သွားစားကြမယ်လေ အမေ အဖေ တိုးကျော်တို့ သွားစားကြမယ် အကုန်လုံး အိမ်ကသူတွေ "

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now