Episode 17

3.8K 212 3
                                    

Unicode

ထွန်းတောက်ဂုဏ်အင် တိုးကျော်ကို စုံစမ်းခိုင်းထားသည့် အဖြူကောင်လေးအကြောင်းကို သိရဖို့ ထိုင်မရထမရနဲ့ ဖြစ်နေတော့တယ် တွေ့ပြီးတဲ့နေ့မှ နှစ်ရက်ရှိနေပြီ မသိရသေးတော့ အလုပ်တောင် ကောင်းအောင်ဖြောင့်ဖြောင့်မလုပ်နိုင်တော့ ....

အေးချမ်းရိပ်နဲ့ တွေ့ဆုံပြီးဒုတိယနေ့အလုပ်ခန်းထဲတွင်....တိုးကျော် မရှိတော့ နောက်သက်‌တော်စောင့်တစ်ယောက်ကို ခိုင်းရတော့တာပေါ့..

တိုးကျော်က သူလုပ်ခိုင်းထားတဲ့ အလုပ်အပြင် သူစုံစမ်းခိုင်းထားတဲ့ အလုပ်ကိုပါ လုပ်နေရလို့ မအားလပ် ခိုင်းလို့ရှိလျှင်ရပေမယ့် သူဌေးဆိုပေမယ့် သူသိတက်ရမည်လေ ဒါ့ကြောင့် မခိုင်းတော့ဘဲ သူစိတ်ချရတဲ့ သူထဲက သက်တော်စောင့်တစ်ဦးကိုခေါ်ခိုင်းရတယ်...

"မောင်နိုင် လာဦး ငါ့ကို အသီးခြံတွေထဲက အထွက်နှုန်းစာရင်း နဲ့  အလေအလွင့်စာရင်း  ဝန်ထမ်းစာရင်း ကုန်ကျစရိတ် သရက်ခြံကစာရင်း လိုခြင်တယ် ယူလာခဲ့ပေး မောင်နိုင်"

"ဟုတ်ကဲ့ အကိုလေး"
တော်တော်ကြာတော့ပြန်လာတော့

"ဟေ့ကောင် မောင်နိုင် ငါယူခိုင်းတာ ရွှေဆိုင်ကစာရင်းလေ ဘာယူလာတာလဲ "

"အယ် အကိုလေး စောနက ယူခိုင်းတာက အသီးခြံတွေထဲက အထွက်နှုန်းစာရင်း နဲ့  အလေအလွင့်စာရင်း  ဝန်ထမ်းစာရင်း ကုန်ကျစရိတ် သရက်ခြံကစာရင်း လိုခြင်တယ် ယူလာခဲ့ပေး လို့ပြောတာပါ အကိုလေး"

"ဟေ ဟုတ်လား အခုမဟုတ်ဘူး ရွှေဆိုင်စာရင်း ပြောတာ "

"ဟုတ်အကိုလေး "

"မောင်နိုင် ငါ့ကို ရေတစ်ဘူး ယူလာခဲ့ပေးပါဦး "

"ဟုတ်ကဲ့"

မောင်နိုင်ရေဘူးလေးနဲ့ ဖန်ခွက်လေးချပေးလိုက်တယ် ချပေးတဲ့ ဖန်ခွက်ထဲကို ရေလေးထည့်ပြီး ဖန်ခွက်လေးကို ကိုင်ပြီးမော့ကာသောက်လိုက်တော့ ရေမပါ ဘေးနားကမောင်နိုင် အစအဆုံးကြည့်နေတာ ရေ ဖန်ခွက်ထဲကိုထည့်တာ ရေဘူး အဖုံးမဖွင့်ဘဲ ထည့်တော့ ရေကဖန်ခွက်ထဲမရောက် ရေမရှိတဲ့ဖန်ခွက်ကို မော့သောက်နေတဲ့ သူတို့သူဌေးကို ပြောဖို့ကလဲ မပြောရဲ အသိနဲ့လူနဲ့မကပ်သလို ဖြစ်နေတဲ့ပုံစံကို ရပ်ပြီးသာကြည့်နေလိုက်တယ်...

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now