Episode 18

3.7K 193 2
                                    

Unicode

ထွန်းတောက်ဂုဏ်အင် အဖြူကောင်လေးကို စတွေ့ပြီး သုးရက်မြောက်နေ့ရောက်တော့..

"အကိုလေး အကိုလေးစုံစမ်းခိုင်းထားတဲ့ ဆရာလေးရဲ့ အကြောင်းတွေပါအကိုလေး နာမည်က အေးချမ်းရိပ် ဆရာဝန် ပါအကိုလေး အသက်ကတော့ ၂၉ နှစ်ရှိပါပြီ ရန်ကုန်မှာနေပါတယ် ပရဟိတ အလုပ်ကို ဝါသနာပါပါတယ် သူသိတက်စကတည်းက ပရဟိတ ကို လုပ်လာတာအခုထိပါ အကိုလေး အခု ****ရွာကို ဖောင်ဒေးရှင်း အထောက်အပံ့နဲ့ ရောက်လာပြီး စာသင်ကြားရင်း ဆေးကုပေးတဲ့ တာဝန်ယူထားပါတယ် အကိုလေး သူက အမေ ပြောတဲ့စကားကို အမြဲနားထောင်ပြီး အမြလုပ်တဲ့ သူပါ အခုကိစ္စကိုတော့ သူ့အမေမသိဘူး သူ့အမေက သူ့ကိုနိုင်ငံခြားပို့ပြီး ကျောင်းတက်ခိုင်းတာကို ဖျက်ပြစ်ခဲ့တယ် နောက်ပြီး သူ့အမေအတင်းစီစဉ်တဲ့စေ့စပ်ပွဲကိုလဲ မလုပ်ချင်လို့ စေ့စပ်ပွဲနေ့မှာ အိမ်ကထွက်ပြေးလာပြီး အခုဒီကိုရောက်နေတာပါအကိုလေး သူ့အိမ်က ဒီမှာရှိနေတယ်ဆိုတာကို လုံးဝမသိသေးပါဘူး အကိုလေး သူက ရည်းစားလဲ မရှိသလို ချစ်သူလဲမရှိပါဘူး အကိုလေး သူ့အမေနာမည်က ဒေါ်မင်းမင်းဆွေပါ သူ့အဖေနာမည်ကတော့ ‌ဦးကျော်မင်းပါအကိုလေး သူ့အဖေကတော့ ကုမ္ပဏီ တစ်ခုမှာ မန်နေဂျာလုပ်ပါတယ် သူ့အမေကတော့ အထည်ဆိုင်ဖွင့်ထားပါတယ် အကိုလေး "

"အသက်က ၂၉ လား ကျိန်းသေလို့လားတိုးကျော် ငါ့ထက်ငယ်မယ်ထင်နေတာ သေချာရောစုံစမ်းရဲ့လား "

"သေချာပါတယ်အကိုလေး ရန်ကုန်က သူ့ အိမ်နီးနားဝန်းကျင်မှာ သူ့ကို မသိတဲ့သူမရှိသလို အကုန်လုံးကလဲ ပရဟိတ မင်းသားလေးလို့ အရမ်းချောအရမ်းနုလို့ ခေါ်ကြပါတယ် အကိုလေး "

"ဒါဆြိ ငါ့ထက် ကြီးတာပေါ့ ၇နှစ်တောင် "

"ဟုတ်တယ်အကိုလေး အကိုလေး ကျွန်တော် သူ့ကို ...." စကားမဆုံးလိုက်

"ဘာမှမလုပ်နဲ့ စောင့်လဲမကြည့်နဲ့ သူနဲ့တွေ့တာ နှစ်ကြိမ်ဘဲရှိသေးတယ် ငါနဲ့ကံဆက်ရင် တတိယအကြိမ် တွေ့လိမ့်မယ် အဲ့ဒီအချိန် ကြမှ ဆက်ပြောမယ် ကြားလား တိုးကျော်..."

"ဟုတ်ကဲ့အကိုလေး"

"အေးချမ်းရိပ် အေးချမ်းရိပ် ခင်‌ဗျားလေးက ဆရာဝန် ကျောင်းဆရာလေး နာမည်လေးနဲ့တင်အေးချမ်းတာမဟုတ် လူလေးကိုက အေးချမ်းတယ် ခင်ဗျားလေးဟာ ကိုယ့်ဘဝရဲ့ Oasis လေးပေါ့ နောက်တစ်ကြိမ်မဆုံပါစေနဲ့ ဆုံမိရင်တော့ ခင်ဗျားလေးကို အပိုင်သိမ်းမိလိမ့်မယ် ပြေးလို့မလွတ်စေရဘူး လူကြီးကလေး‌ရယ်...."ထွန်းတောက်ဂုဏ်အင် ပြောလိုက်တယ်....

မေတ္တာအနစ်နာ ( Completed)Donde viven las historias. Descúbrelo ahora