Episode 65

1.9K 89 0
                                    

Unicode

ကိုနှစ်သစ်ထွန်းကတော့ တစ်ခါမှ မမြင်ဘူးသည့်အလား ပုံတွေရိုက် ဗီဒီယိုတွေရိုက်ကာ မအား ကျွေးတဲ့အရာတွေက ဝက်သား ကြက်သား ငရုတ်သီးဆားထောင်း ပဲဟင်း အရမ်းကိုမိန်လှတယ် အေးချမ်းရိပ် ငရုတ်သီးထောင်းစားချင်တာ ထွန်းတောက်တားတော့ မစားရ အမှန်ဆို ရုတ်သီးစားထောင်းရယ် ပဲဟင်းရယ်က တွဲဖက် အရမ်းစားကောင်းတာ အေးချမ်းရိပ်က အနာနဲ့မို့ ထွန်းတောက်မစားခိုင်း တော့ ကြက်သားနဲ့သာစားတော့တယ် ရွာသားတွေကလဲ သူတို့ဆရာလေးကို ဆရာလေးမှဆရာလေး ဝိုင်းပြီး နှုတ်ဆက်ကြ ဟင်း‌တွေထည့်ပေးကြနဲ့ ကလေးတွေကလဲ ဘေးမှာ ပက်လည်ဝိုင်းနေတယ် သူတို့ဆရာလေး လိုတာကို လိုက်ထည့်ပေးနေတယ် ထွန်းတောက်ကတော့ သူ့ဘာသာသူ ထည့်စားနေရတယ်

အားလုံးစားပြီးတော့ ဆရာလေးအချိုတည်းဖို့ဆိုပြီး ထျန်းလျက်တွေ အုန်းယိုတွေ ယူလာကြတယ် အေးချမ်းရိပ်လဲ စားတာပေါ့  ကျွေးတော့ ထွန်းတောက်ကတော့ ဆူပုတ်ပုတ် သူ့ကို ဘယ်သူမှ မကျွေးကြ အေးချမ်းရိပ်ကြည့်တော့ စားလိုက်ရယ်လိုက်နဲ့ သူ့ကိုအဖက်မလုပ်

အေးချမ်းရိပ် ကလေးတွေ တပည့်‌တွေနဲ့ စကားပြောရင်းနောက်လှည့်ကြည့်မိတော့ မျက်နှာဆူပုတ်နေတဲ့ ထွန်းတောက်ကို မြင်တော့ သူစိတ်ကောက်နေပြီဆိုတာ သိလိုက်တယ် ဒါ့ကြောင့် ကလေးတွေကို ခဏခွာကာ ထွန်းတောက်ဆီကိုသွားလိုက်တယ်

"မောင် စိတ်ဆိုးနေတာလား ငယ့်ကို"

"ဟုတ်တယ် မောင့်ကို အဖော်မလုပ်ဘဲ အခြားသူတွေကို အဖော်လုပ်နေတာ ဒီမှာတော့ ကျွေးမယ့်သူလဲမရှိ မေးမယ့်သူလဲမရှိ အဖက်လဲမလုပ်ကြဘူး "

"Sorry မောင် မရည်ရွယ်ဘဲ ဖြစ်သွားတာ အတွက်တောင်းပန်ပါတယ် မောင်မျက်နှာက တည်နေတော့ ဘယ်သူမှ မကပ်ရဲကြဘူးလေ နောက်ပြီးတော့ သူဌေးသားလဲဖြစ်နေတော့ ရှိန်ကြတာပေါ့ ဒါ့ကြောင့်မကပ်ရဲဘူး ဖြစ်နေတာ ငယ်လဲ သတိလွတ်သွားတယ် မောင့်ကို ဂရုစိုက်ဖို့"

"အခုဂရုစိုက်ပေး အနားမှာနေပေး ဘယ်မှမသွားနဲ့ "

"အင်းအင်း နေပေးမယ် ခဏနော် သားတို့ သမီးတို့ လွတ်လွတ်လပ်လပ် သွားဆော့တော့ ဆရာလေးကအဆင်ပြေတယ် သိလား ဗိုက်ဆာရင် ထပ်စားကြ သူဌေးလေးက အဝကျွေးတာသိလား အများကြီးစားကြနော် "

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now