Episode 10

4.3K 237 0
                                    

Unicode

"ဒါဆိုဝမ်းသာစရာပေါ့ဆရာလေးရဲ့ ဆရာလေးက ဆရာဝန်ဆိုတော့ ကျုပ်တို့ ပိုအားကိုးရတာပေါ့ဆရာလေးရေ ကျုပ်ကတော့ ပျော်ပြီးရင်းပျော်ပြီ ရွာသားတွေကိုလဲ သတင်းကောင်းပြောရဦးမှာပေါ့"

"ဟုတ်ကဲ့အဘ နောက်ပြီးအဘ တစ်မျိုးတော့ မထင်ပါနဲ့ ရွာမှာလေ စာမတက်တဲ့သူ တော်တော်များများရှိတယ်လို့ကြားမိတယ် ကလေးတွေကော လူကြီးတွေကော  ဒါ့ကြောင့်လေ စာမတက်တဲ့ ကလေး လူကြီးစာရင်း လေးသိချင်တယ် ပြီးတော့ လူကြီးတွေကို စာရေးတက် စာဖက်တက်အောင် ကျွန်တော် ညနေဘက်တွေမှာ စာသင်ပေးချင်တယ်အဘ လူကြီးတွေက ရှက်တက်တာများနေတော့ အဘကို အကူအညီတာင်းရတာပါ စာမသင်မနေရ သင်ဖို့ ဆော်ဩပေးဖို့ ပါ.."

"ဟေ .... အဘတောင် လေးတန်းထိဘဲတက်ခဲ့ရတာ ဆရာလေးရဲ့ ဟုတ်ပြီမဖြစ်ဖြစ်အောင် အဘလုပ်ပေးမယ် အကုန်မတက်မနေရ ဟုတ်ပြီလား စာရင်းလဲ ကောက်ပေးမယ် အခုတော့ ထမင်းစားဖို့ လက်ဆေးတော့ "ဆိုပြီး အရီးခင်းပေးတဲ့ နေ့လည်စာကို ဝမ်းဖြည့်ရတော့တယ်.....

နောက်နေ့တွေမှာတော့ ရွာတစ်အိမ်ချင်းစီက မိမိစားဖို့အတွက် တာဝန်ယူမည့်အပေါ်မှာလဲ အားနာမိနေပြန် ဘယ်လိုပြန်ကျေးဇူးဆပ်ရပါ့မလဲ လို့ တွေးနေမိတယ်

'သန်ဘက်ခါ မောင်ကောင်းက မြို့ပေါ်လိုက်ပို့မယ်တဲ့ အဲ့အခါမှ စက်ဘီးလေးတစ်စီးဝယ်ရမယ် အခင်းဝယ်ရမယ် မှို့ယာရယ် ခြင်ထောင်ရယ် ခေါင်းအုန်းရယ် ခွခေါင်းဦးရယ် ဆောင်ရယ် ပြီးတော့ မျိုးစေ့တွေ ‌ဝယ်ရမယ် ရေဘူးလေးလဲဝယ်ရမယ် ဆရာဆိုတာ သေသေသပ်သပ် နေထိုင်မှ လူတွေလေးစားကျမှာ ' လို့တွေးထားလိုက်တယ်

ထမင်းစားပြီးလက်ဆေးကာ အိမ်ရှေ့သစ်ပင်ကြီးအောက် ကွတ်ပြစ်မှာ စကားများဖောင်ဖွဲ့ပြောဖြစ်တယ် အရီးရော အဘရောနဲ့ မိမိငယ်ဘဝအကြောင်း တွေကိုပေါ့ အရီးက မန်ကျီးရွက်သုပ်လုပ်ကြွေးတယ် အညာအသုပ်ဆိုတော့ အရမ်းစားကောင်းတယ် ထိုင်နေရင်းအဘဆီ ဖုန်းဝင်လာတော့ ထင်တဲ့အတိုင်း ဖောင်ဒေးရှင်းက မနက်ဖန် စာအုပ် ဒါဇင် ၁၀၀ ဆေးပစ္စည်းစုံ ဆေးသေတ္တာ ၂လုံး စာရေးခဲတံအချောင်း၆၀၀ ပေတံ၁၀၀ ဓား ချွန်စက် ၅၀စီ မြေဖြူဘူး ၁၀ ဘူး ဖက်စာအုပ် မူလတန်း အစုံ၁၀၀  ကကြီး ခခွေး ကားချပ် ၄ချက် ၁၂၃၄ ဂဏန်း ကားချပ် ၄ချပ်  စာကြည့်တိုက်မရှိသေးတော့ ခဏယာရီ စာဖက်တက်တဲ့သူတွေဖက်ဖို့ရန် ရွှေသွေး ဂျာနယ် သတင်းစာ သုတရသ စာအုပ် မျိုးစုံ ဆယ်အုပ်စီ ပို့ပေးလိုက်မယ်တဲ့ ဒါ့ကြောင့် မနက်ဖန် သွားယူပေးဖို့ ဖုန်းဆက်ခြင်းဖြစ်သည်....

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now