Unicode
"ဟယ်လို "
📞ကိုထွန်းတောက်ဂုဏ်အင်လားမသိဘူး
"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး"
📞ဟုတ်ကဲ့ ကျွန်တော်က ရန်ကုန် ******ပရဟတိဖာင်ဒေးရှင်းက ဥက္ကဌပါ မောင်အေးချမ်းရိပ် ဒဏ်ရာရတယ်ပြောလို့စိတ်ပူလို့ ဖုန်းဆက်တာပါ
"ဟုတ်ပါတယ် ဒဏ်ရာရထားပြီး Operation ဝင်ထားရပါတယ် အခုတော့ သတိရလာပါပြီ "
📞ဟုတ်ကဲ့ဗျာ ကျွန်တော်တို့ မနက်ဖန် ရွာကို လာခဲ့မလို့ရှိသေးတယ် ဒီသတင်းက စီးကြိုနေတော့ စိတ်မကောင်းပါဘူးဗျာ ဒါနဲ့ ကိုထွန်းတောက်ဂုဏ်အင် နဲ့ မောင်အေးချမ်းရိပ်တို့က
"လင် လင်တွေပါ မင်္ဂလာ တနင်္ဂနွေနေ့က ဆောင်ထားတာပါ"
📞ဪ ဟုတ်ကဲ့ ဒါဆိုမနက်ဖန် ကျွန်တော်တို့ ဆေးရုံကို တန်းလာခဲ့ပါ့မယ် အခန်းနံပါတ်လေးပြောပေးလို့ရမလားခင်ဗျ
"ဟုတ်ကဲ့ရပါတယ် အခန်းနံပါတ်က $@#*@# ပါ "
📞ဟုတ်ကဲ့ မနက်ဖန် မနက် တွေ့ကြတာပေါ့ခင်ဗျာ
"ဟုတ်ကဲ့" ဖုန်းချလိုက်တော့
"မောင်ဘယ်သူလဲ "
"ငယ့် ပရဟိတ ဖောင်ဒေးရှင်းက ဥက္ကဌ မနက်ဖန် လာမလို့ ဖုန်းဆက်တာ "
"ဪ ဟုတ်လား မာင့်ဖုန်းနံပါတ်လဲ မပေးထားပါဘူး"
"ရွာလူကြီးကို ဆက်တယ်နဲ့တူတယ် အဲ့ကနေတစ်ဆင့်သိတာဖြစ်နိုင်တယ် ငယ့်ဖုန်းက အခန်းထဲမှာ ဘယ်သူမှ အခန်းထဲ မဝင်ကြတာ ကိုင်ရမှာမဟုတ်ဘူး "
"အင်းဟုတ်တယ်"
"အကိုလေးတို့ စားလို့ရပါပြီ" တိုးကျော်စားဝိုင်းပြင်ပြီးတော့
"အေး ဒါနဲ့ မောင်ကောင်းအတွက်ကော " ထွန်းတောက်မေးတော့
"အိမ်မပြန်ခင်တုံးက ပေးထားခဲ့တယ် သူ့မိဘတွေအတွက်ကော အကိုလေး"
"အင်း ငယ်စားမယ် နေဦး မောင်ခွန့်ပေးမယ်"
အစားကို ထွန်းတောက်ကိုယ်တိုင် ခွံကျွေးနေရင်း သူလဲစား အေးချမ်းရိပ်ကိုလည်းခွံ ကာနေတော့တယ် စားပြီးတော့မှ
YOU ARE READING
မေတ္တာအနစ်နာ ( Completed)
General FictionUni လူတွေအပေါ်အားနာတက်တဲ့ မိဘအလိုကျ ညည်းထွားမှုမရှိ အကုန်လုပ်ပေးတဲ့မာမားboy လေးတဖြစ် ငယ်စဉ်ကတည်းက ပရဟိတစာသင်သည့်အလုပ်ကို ဝါသနာပါပြီး ပရဟိတအရင်းခံ စေတနာလှသည့်ဆရာလေးတဖြစ် မိဘသဘောတူသည့် အိမ်ထောင်ဖက်ကိုမလိုခြင်လို့အိမ်မှထွက်ပြီးမတည်ငြိမ်သည့်ရွာကလေးမှာ ဆ...