Unicode
ဒီလိုနဲ့ သောကြာနေ့ရောက်လာတဲ့ အခါမှာ ထွန်းတောက်ဂုဏ်အင် သူ့ရဲ့လူကြီးကလေးကို ဖုန်းဆက်တော့တယ်..
"ဟယ်လို "
📞အင်းဂုဏ်ပြောလေ
"မနက်ဖန်စနေနေ့နော် "
📞အင်းလေ ဂုဏ် စနေလေ ဘာဖြစ်လို့လဲ
"ပြီးခဲ့တဲ့ တစ်ခေါက်ကတွေ့တုံးက ဘာပြောထားလဲ "
📞အန်
"မအန်နဲ့ ကြီးငါးကြီးလိုက်ပို့မယ် ပြောထားတယ်လေ "
📞အင်းလေ သိပါတယ်
"မနက်ဖန်လိုက်ပို့မယ်လေ ဒါပြောတာ"
📞မနက်ဖန် ဟုတ်လား
"ဘာလဲမအားဘူးလား လူကြီးကလေးဘဲ ပြောထားတယ်လေ စနေတနင်္ဂနွေအားတယ်ဆို"
📞အင်းလေ ပြောထားတယ်လေ
"ဒါဆိုမနက်ဖန်လိုက်ပို့မယ် ပြင်ဆင်ထား"
📞ခဏလေး ဂုဏ် အကို တစ်ခုပြောမလို့ မလောနဲ့ဦး
"ပြော"
📞အင်း သွားလည်ရင် တစ်နေ့လုံး တစ်နေကုန်ကြာမှာ မှတ်လား
"အင်း"
📞ဒါဆိုအဆင်မပြေဘူး အကိုက စာသင်တာ စနေ တနင်္ဂနွေ အားတယ်လို့ပြောတာ နောက်တစ်ခုက အကိုက ဆရာဝန်လေ ဆရာဝန်ဆိုတော့ ဘယ်ချိန်လာမယ်မသိတဲ့ လူနာကို စောင့်နေရတာ လူနာကလဲ ဘယ်ချိန်ဘာဖြစ်မလဲဆိုတာ မှ မသိရတာ ဂုဏ်ရယ်
"ဒီ့တော့ မလိုက်နိုင်ဘူးပေါ့ ဟုတ်လား "
📞မလိုက်နိုင်တာတော့မဟုတ်ပါဘူး အချိန်မပေးနိုင်တာ တစ်နေကုန်ဆိုတော့လေ
"အာ့လောက်တောင်ဖြစ်နေတာ တရွာလုံးကို မီးရှို့လိုက်ပြီး အားအောင်လုပ်ပေးလိုက်မယ်"
📞ဟာ့ ဂုဏ်စကားကို ဘယ်လိုတွေပြောနေတာလဲဒါပြောသင့်တဲ့စကားလား မပြောသင့်တဲ့စကားလား မသိဘူးလား
"မသိဘူး ကျွန်တော့်ကို ဆန့်ကျင်ရင် ဆန့်ကျင်တာတွေ ဆန့်ကျင်တဲ့သူတွေကို ဒီတိုင်းထားမှာမဟုတ်ဘူး"
📞ဂုဏ် သေချာစဉ်းစားပြောလေ ဒါက သူများအသက်အိုးအိမ် စည်းစိမ်နဲ့ဆိုက်တဲ့ကိစ္စလေ ဂုဏ် ဒီလို တစ်ဇွတ်ထိုး မလုပ်သင့်ဘူးလေ
YOU ARE READING
မေတ္တာအနစ်နာ ( Completed)
General FictionUni လူတွေအပေါ်အားနာတက်တဲ့ မိဘအလိုကျ ညည်းထွားမှုမရှိ အကုန်လုပ်ပေးတဲ့မာမားboy လေးတဖြစ် ငယ်စဉ်ကတည်းက ပရဟိတစာသင်သည့်အလုပ်ကို ဝါသနာပါပြီး ပရဟိတအရင်းခံ စေတနာလှသည့်ဆရာလေးတဖြစ် မိဘသဘောတူသည့် အိမ်ထောင်ဖက်ကိုမလိုခြင်လို့အိမ်မှထွက်ပြီးမတည်ငြိမ်သည့်ရွာကလေးမှာ ဆ...