Episode 13

4K 230 0
                                    

Unicode

တိုးကျော်ပြန်ရောက်လာတော့ အသေးစိတ်report တင်ရတယ်..

"တိုးကျော် အိမ်မှာ မနက်က ဘာဖြစ်ခဲ့လဲ ကြားခဲ့ပြီလား မီးဖိုဆောင်က စားဖိုဆောင်က ကိစ္စ ငါ နို့ရောင်းတဲ့ ကောင်ကိုခေါ်ထားတယ် ရှင်းဖို့ ပြီးတော့ တစ်ပါတ်အတွင်း နွားခြံစောင့် နွားမွေးမယ် အကောင် ၂၀၀ နို့စားနွားခြည်းဘဲ ငါ့အလုပ်သမားတွေ ဝဝလင်လင်သောက်ရမယ်ပြီးတော့ ပိုလျှံတာကို နို့ဘူးထုတ်ရောင်းမယ် ဒိန်ခဲ ဒိန်ချဉ် နို့ဆီလုပ်ဖို့အတွက် တစ်ခါတည်း စက်ပစ္စည်း‌တွေ စီစဉ် စက်ပစ္စည်းတွေ ကို တစ်လအတွင်း ရအောင်လုပ် နွားတွေကို ခြံဆောက်ပြီးတာနဲ့ နောက်နေ့ ခြံထဲမှာမြင်ချင်တယ် ကုန်ကျစရိတ် ကို ငါ့ဆီကတောင်း ကျသလောက် မင်းစီစဉ် အခုတော့ ဟိုနို့သည်ကို မင်းစီစဉ်လိုက် ပြီးရင် ထမင်းစားမယ် ဒေါ်ဘုတ်ကို ပြင်ခိုင်းထားခိုင်းလိုက် ကြားလား"

"ဟုတ်ကဲ့အကိုလေး ကျွန်တော်စီစဉ်လိုက်ပါ့မယ်အကိုလေး"

"အင်း"

တိုးကျော် နို့ရောင်းတဲ့ သူကို ခေါ်လာတဲ့ အခန်းဆီ သွားတော့တယ်..

"မင်းလားငါတို့ဝယ်တဲ့ နို့ကို ရေရောပြီးရောင်းရဲတာ "

"မဟုတ်ပါဘူး ဗျာ သက်သက်စွတ်ဆွဲတာပါ"

"ဘာစွတ်ဆွဲတာဟုတ်လား မင်းလုပ်နေတာကို အိမ်က အလုပ်သမားတွေ မျက်စိနဲ့တိုက်ရိုက်တွေ့တာ တစ်ယောက်တောင်မဟုတ်ဘူး နှစ်ယောက်တောင် နို့က အကိုလေးသောက်တာ အပြင် အိမ်ကသူတွေပါသောက်ဖို့ မင်းဆီကဘဲ ဝယ်တာကို မင်းကဘာလို့ ရေရောပြီးရောင်းရတာလဲ မလိမ်နဲ့ မှန်မှန်ဖြေ မဖြေရင် မင်းခေါင်းပျက်မယ်"

"အကိုရယ် ကျွန်တော့ကို ခွင့်လွတ်ပါ နောက်မဖြစ်စေရပါဘူး ဒီတစ်ခါနောက်ဆုံးအကြိမ်ပါနော် မသက်ပါနဲ့နော် တောင်းပန်ပါတယ် ရှိခိုးပါတယ် "

"စောနက မင်းပြောတော့ စွတ်ဆွဲတာဆိုဘဲ တစ်ယောက်လာခဲ့ ကြာပွတ်ပေး"

"ဟုတ်"

"ရွမ်းရွှမ်း ရွှမ်း ......" အချက် ၂၀ ရိုက်ပြီးတော့ အရိုက်ခံရတဲ့သူလဲ မြော့မြော့ဘဲ ကျန်တော့တယ်

မေတ္တာအနစ်နာ ( Completed)Donde viven las historias. Descúbrelo ahora