Episode 74

2.6K 95 0
                                    

Unicode

မနက်ပိုင်း အေးချမ်းရိပ် လန့်ပြီး ဖျားကာ အခန်းထဲ လှဲနေရတော့တယ်ဆရာဝန်ကစစ်ပြီး ပြန်တော့ အောက်မှာ အမေက ဆရာဝန်နဲ့စကားပြောရင်း ဆရာဝန်က ကလေးလေးကို ချီထားတယ် မြူနေတယ် ထိန်းနေတယ် အဖေကတော့ အလုပ်သွားတယ် အမေဘဲရှိတယ် ပွဲရုံက လူတစ်ယောက်ရှိနေမှကိုး

ထွန်းတောက် အပေါ်ကဆင်းလာပြီး "အမေ ငယ် အတွက် ဆန်ပြုပ်လေး လုပ်ပေးပါလား အစာစားရအောင်လို့ ပြီရင်ဆေးသောက်ကမယ်မို့ "

"အေးသား  အမေ လုပ်ပေးမယ် " ပြောကာ ဆရာဝန်ဆီက ကလေးကို ယူကာ မီးဖိုဆောင်ထဲ သွားလိုက်ပြီး ဆန်ပြုပ်ကြိုနေလိုက်တော့တယ်

ငယ်ကသာ ထွန်းတောက် ဘဝမို့ အခြားအရာတွေ မစဉ်းစားအား ကြိပေးလာမယ့် ဆန်ပြုပ်ကိုသာစောင့်နေလိုက်တယ် တစ်အောင့်ကြာတော့ ဆန်ပြုပ်လေးရလာတော့ ထွန်းတောက်ကို ပေးလိုက်တယ်

"သားထွန်းတောက် ရော့ဆန်ပြုပ်သား ဒါနဲ့ အမေ အပြင်ခဏသွားဦးမယ် လမ်းထိပ် နို့သွားဝယ်မလို့ "

"ဟုတ်အမေ ဂရုစိုက်သွား ကျွန်တော် ငယ့်ဆီ သွားပြီး ဆန်ပြုပ်တိုင်လိုက်ဦးမယ် ‌အမေ"

"အေးသားအမေသွားပြီ "

"ဟုတ်အမေ"

ထွန်းတောက် အခန်းထဲ ဝင်ပြီး ဆန်ပြုပ်ခွက်ကို ခုံပေါ်မှာတင်ပြီး အေးချမ်းရိပ်နားသွားပြီး ထိလိုက်တော့ အေးချမ်းရိပ် နိုးလာတော့တယ် နိုးလာတော့

"ဪ မောင် ကလေးကော "

ပြီးခဲ့သော မနေ့က ည‌ပိုင်းတွင်

ပြုတ်ကျသွားတဲ့ မီးအိမ်လေးကို ထွန်းတောက် ဆယ်ရင်းနဲ့  အေးချမ်းရိပ်ပါ အနောက်က ပါလာတယ် မီးအိမ်ကျသွားလို့ ယူဖို့ လက်အလှမ်း ရှေ့က တစ်စုံတခုကိုတွေ့သွားပြီး

"မောင်မီးအိမ်ကောက်လိုက် ဟင် အရှေ့မှာ တောင်းလေးတောင်းလေးတစ်တောင်း မောင်"

"အင်းငယ်တွေ့တယ် ဘာလဲမသိဘူး မောင်ယူလိုက်မယ် ခဏ " ရေစီးနေတဲ့ မြောင်းရဲပြွန်ပေါက် မှာ ညိနေတာ ပြီး ရေကျလို့ သောင်တင်နေတဲ့ တောင်းဆိုတာထက် ကော်နဲ့ တောင်းပုံစံ လုပ်ထားတဲ့ ပုံး ထွန်းတောက်ဆွဲယူပြီး ဖွင့်ကြည့်လိုက်တော့ အံ့ဩသလို အေးချမ်းရိပ်လဲ အံဩ မှုအပြည့် အနှီးနဲ့ ထုတ်ထားတဲ့ ကလေးလေး တစ်ဦး

မေတ္တာအနစ်နာ ( Completed)Onde histórias criam vida. Descubra agora