Episode 28

3.1K 167 1
                                    

Unicode

ဂုဏ်ရည်လွှမ်းစကား ပြန်ဆက်တော့တယ် မုန့်စားပြီးတော့..

"လူကြီးကလေးက အပြာရောင်ကြိုက်တာလား တစ်ခန်းလုံအပြာတွေချည်းဘဲ"

"မပြာပါဘူး အပြာအနုရောင်ပါ သေချာကြည့်ဂုဏ်"

"အော်ဆောရီး အပြာနုပြောတာ"

"အင်း ဟုတ်တယ် အပြာနုကိုကြိုက်တာ သူက နှလုံးသမားတွေအတွက်ကောင်းသလို စိတ်ကိုလည်းအေးချမ်းတယ်လေ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတမို့ ကြိုက်တာပါ"

"ဒါဆို နှလုံးရောဂါရှိနေလို့လား"

"ဘယ်ကလာ ကြံကြီးစီရာ နှလုံးရောဂါမရှိပါဘူး အကိုက ဆရာဝန်လေ လူနာတွေနဲ့ထိတွေ့နေရတာ သူတို့အတွက်စိတ်ထဲ ထည့်ပြီးလုပ်ထားတာပါ အကို့အိမ်ထဲဝင်လာရင်း အရောင်တွေ့ပြီး အမောပြေအောင် ဖြစ်နေတဲ့ရောဂါ အနည်းနဲ့အများ သက်သာအောင်လို့ပါ"

"ဪ ဒီလိုကိုး"

"အင်း"

"ဒါနဲ့ အိမ်ရှေ့က ဘာပင်တွေလဲ စင်ထိုးထားလို့လေ "

"ဪ ဒါလား ဘူးပင်ရယ် ဖရုံပင်ရယ်လေ စင်ထိုးစိုက်ထားတာ"

"စင်အောက်ကကော ဘာအပင်တွေလဲ "

"ခရမ်းချဉ်သီး ပင်လေးတွေပါ "

"အကြီးကြီးတွေမဖြစ်လာသေးတော့ ရုပ်လုံးကွဲမမြင်ရသေးလို့နေမယ် ဒါ့ကြောင့်မသိတာ"

"အင်း ဟုတ်မယ် ဪ ဒါနဲ့ နောက်ဖက်မှာလဲ ချဉ်ပေါင်ရယ် ကန်စွန်းရယ်စိုက်ထားသေးတယ် ဘေးဘက်မှာ ငရုတ်ပင်တွေစိုင်ထားသေးတယ်လေ"

"ဪ ဘာလို့စိုက်တာလဲ အပင်တွေကို ပြန်ရောင်းစားမလို့လား ရွာသူတွေကို"

"မဟုတ်တာ မရောင်းပါဘူး အပင်တွေကြီးလာရင် လိုသူတွေ ခူးစားရအောင်ပါ သူတို့က အကို့ကို မနက် နေ့လည် ည စာပါကျွေးကြတဲ့သူတွေလေ ကျေးဇူးရှင်တွေပေါ့ ဒါ့ကြောင့် သူတို့လိုအပ်လို့ ရှိရင် ခူးစွတ်ပြီး လက်လက်ဆက်ဆက်စားလို့ရအောင် အရံသင့်စိုင်ထားတာပါ "

"လူကြီးကလေး လူကြီးက‌လေး က စာပါသင်သေးတာလား"

"အင်း အဓိကက စာသင်တာပေါ့ ဆရာဝန်နဲ့ ဘွဲ့ရထားတော့ ဒီရွာလေးအတွက် လိုအပ်နေတဲ့ကျန်းမာရေးအတွက် ဆေးပါကုပေးတာပေါ့ စာသင်တာကတော့ ဝါသနာပေါ့ "

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now